close

သီရိလင်္ကာနိုင်ငံသား

close

September 19, 2022

ရုရှားတပ်က ဖမ်းဆီးခဲ့သည့် သီရိလင်္ကာနိုင်ငံသားတစု ပြန်လည်လွတ်မြောက်

ရုရှားတပ်တွေက ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက အချုပ်အနှောင်ကနေ လွတ်မြောက်လာ သူ သီရိလင်္ကာနိုင်ငံသား တစုဟာ သူတို့ ရိုက်နှက်တာခံခဲ့ရတာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အပါအဝင် သူတို့ လချီ ချုပ်နှောင်ခံရတဲ့ အတွေ့အကြုံတွေကို စက်တင်ဘာ ၁၈ ရက်က ထုတ်ပြောခဲ့ပါတယ်။ 

သူတို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို မကျူးကျော်မီ သုံးပတ်အလိုကမှ ကူပြန့်စ်ခ်မြို့မှာ ပညာသင်ဖို့ ယူကရိန်းကို ရောက်လာတာလို့ ရဲအရာရှိတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ ရုရှားတပ်တွေက မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ကူပြန့်စ်ခ်ကနေ ထွက်ပြေး ဖို့ ကြိုးစားပေမဲ့ ရုရှားစစ်ဆေးရေး ဂိတ်တခုမှာ ထိန်းသိမ်းခံခဲ့ရပြီး ဗဗ်ချန့်စ်ခ်မြို့ဆီကို ခေါ်သွား ခံခဲ့ရပါတယ်။ 

အဲဒီမှာ သူတို့အုပ်စုဟာ စက်ရုံဝင်းထဲမှာ အကျဉ်းချခံ ခဲ့ရပြီး အရိုက်ခံရတယ်၊ အစာကျွေးတာ၊ အိမ်သာ ဒါမှမဟုတ် အဝတ်လျှော်စက်သုံးတာတွေကို ကန့်သတ်ခံရတယ်လို့ ပြောပါတယ်။ အမျိုးသား ခြောက်ယောက်ကို  တခန်းတည်းမှာ ချုပ်နှောင်ထားပြီး တဦးတည်းသော အမျိုးသမီးကို သူ့ဘာသာ သူ သော့ခတ်ထားတယ်လို့ သူတို့က ပြောပါတယ်။

သူတို့ရဲ့ လွတ်လပ်မှုအတွက် ရွေးနုတ်ဖိုး ပြန်ရွေးငွေ ပေးဖို့ တောင်းဆို ထားတယ်လို့လည်း သူတို့က ပြောပါတယ်။ 

ယူကရိန်းစစ်သားတွေက သူတို့ကို အကျဉ်းခန်းကနေ လွှတ်ပေးပြီးတဲ့နောက် သူတို့အဖွဲ့ဟာ ဗဗ်ချန့်စ်ခ်မြို့က ဟိုတယ်တခုဆီ ထွက်သွားပြီလို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။

3 hours Ago

September 5, 2021

နယူးဇီလန်တွင် အစ္စလာမ္မစ်စစ်သွေးကြွ ၁ ဦး၏ တိုက်ခိုက်မှု သီရိလင်္ကာမွတ်စလင်အဖွဲ့ ရှုတ်ချ

နယူးဇီလန်နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွတယောက်ရဲ့ တိုက်ခိုက်မှုကို သီရိလင်္ကာနိုင်ငံက မွတ်စလင် အဖွဲ့အစည်းတွေက  စက်တင်ဘာ ၄ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွအုပ်စုကို အားကျတဲ့ သီရိလင်္ကာ နိုင်ငံသားတယောက်က နယူးဇီလန် နိုင်ငံအတွင်း စူပါမားကတ်တခုထဲမှာ စက်တင်ဘာ ၃ ရက်က ဓားနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၇ ယောက် ဒဏ်ရာရသွားပါတယ်။

ဓားနဲ့ စိတ်လွတ်လက်လွတ် လိုက်ထိုးနေတဲ့ အသက် ၃၂ နှစ်အရွယ် တိုက်ခိုက်သူကို နယူးဇီလန် ရဲတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

“အော့ကလန်မြို့က အကြမ်းဖက်ဝါဒရဲ့ ဆိုးရွားတဲ့ လုပ်ရပ်ကို ကြားရတာ ထိတ်လန့် ဝမ်းနည်းရတယ်။ ကျနော်တို့ဟာ ဒီအကြမ်းဖက်လုပ်ရပ်ကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချတယ်။ ဝမ်းနည်းရတဲ့ အခိုက်အတန့်အတွင်း နယူးဇီလန် နိုင်ငံသား အားလုံးနဲ့ ထိခိုက်ခဲ့သူတွေရဲ့ မိသားစုတွေနဲ့အတူ ကျနော်တို့ရဲ့ အတွေးတွေ တောင်းဆုတွေ ရှိနေပါတယ်” လို့ မွတ်စလင် ဘာသာရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းများ ညွန့်ပေါင်းက ပြောခွင့်ရ မိုဟမ်မဒ်ဟိရှမ်က ပြောပါတယ်။

အမုန်းတရားအခြေပြု ရာဇဝတ်မှုတွေဟာ နိုင်ငံသား၊ လူမျိုး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးတွေနဲ့ မပတ်သက်သင့်ဘူးလို့လည်း အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

1 year Ago
Up