close

သုတေသန

close

January 30, 2023

ဘောလုံးဆွဲယူမှုအကြောင်း သုတေသနလုပ်ပြီး ဘွဲ့ရခဲ့တဲ့ ဂျပန်တိုက်စစ်မှူးမီတိုမာ

ဘရိုက်တန်အသင်းမှာခြေစွမ်းပြနေတဲ့ ဂျပန်တိုက်စစ်မှူး မီတိုမာဟာ တက္ကသိုလ်ကျောင်းသား ဘဝက ဘောလုံးဆွဲယူမှုအကြောင်းကို သုတေသနပြုလုပ်ပြီး ဘွဲ့ရရှိခဲ့သူလို့သိရပါတယ်။ 

မီတိုမာဟာ မနေ့ညကကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူပြီး ဘရိုက်တန်အသင်းကို အက်ဖ်အေဖလားနောက်တစ်ဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မီတိုမာဟာ အသက် ၁၈ နှစ်မှာ ကာဝါဆာကီအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ချူကူဘာ တက္ကသိုလ်မှာ ကိုယ်ကာယပညာရပ်ကို လေ့လာခဲ့ပါတယ်။

ဘွဲ့ယူတဲ့ သုတေသနစာတမ်းတင်ချိန်မှာတော့ ဘောလုံးဆွဲယူခြင်း အဆင့်အဆင့်ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတင်ပြီး ဘွဲ့ယူခဲ့တာပါ။

အဲဒီစာတမ်းဟာ စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ပါပြသရပြီး မီတိုမာဟာ GoPro ဗီဒီယိုကင်မရာကို သူ့ဦးခေါင်းပေါ်တပ်ဆင်ပြီး ကိုယ်တိုင် ဘောလုံးဆွဲယူမှု လေ့ကျင့်ခန်းတွေ ပြသခဲ့ရတယ်လို့ဆိုပါတယ်။

သူ့ရဲ့စာတမ်းကို တက္ကသိုလ်မှာလည်း သင်ရိုးအဖြစ်ပြန်လည်သင်ကြားရတယ်လို့သိရပါတယ်။ သူဟာ တက္ကသိုလ်အသင်းတွေမှာ ကစားရင်း အသက် ၂၁ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှ ကာဝါဆာကီ အသင်းဆီပြောင်းရွှေ့ ကစားခဲ့တာပါ။

အဲဒီနောက် ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ဘယ်လ်ဂျီယံကလပ် ယူနီယံစိန့်ဂယ်လွိုက်စ်အသင်းမှာ တစ်ရာသီ အငှားကစားခဲ့ပါသေးတယ်။ 

8 mins Ago

May 9, 2020

ဝူဟန်ဈေးကို သုတေသနထပ်လုပ်ရန် လိုအပ်ကြောင်း WHO ပြော

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရာမှာ ဝူဟန်ဈေးရဲ့အခန်းကဏ္ဍ ပါဝင်ခဲ့ပေမယ့် သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မေ ၈ ရက်မှာ   ပြောလိုက်ပါတယ်။    ဇန်နဝါရီလက တရုတ်အစိုးရဟာ ဗိုင်းရပ်စ် ပျံ့နှံ့တာကို တားဆီးတဲ့အနေနဲ့ ဝူဟန်ဈေးကို ပိတ်ခဲ့ပြီး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်စားသုံးတာကို ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။   တောရိုင်းတိရစ္ဆာန် အရှင်တွေမဟုတ်လည်း ဗိုင်းရပ်စ်ကူးစက်နေတဲ့ ဈေးသည်၊ ဈေးဝယ်တွေကနေ ဝူဟန်ဈေးထဲကို ဗိုင်းရပ်စ် သယ်ဆောင်လာနိုင်သလားဆိုတာ သဲသဲကွဲကွဲ မရှိဘူးလို့  WHO  တာဝန်ရှိသူ ပီတာဘန်းအမ်ဘာရက်က  ပြောဆိုပါတယ်။  ဝူဟန်ဓာတ်ခွဲခန်းကနေ  ဗိုင်းရပ်စ်ပေါ်ထွက်လာတဲ့  အထောက်အထားအများကြီး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောဆိုခဲ့ပေမယ့် အထောက်အထားတွေက သေချာမှုမရှိဘူးလို့လည်း သူက ပြောပါတယ်။ ဝူဟန်ဓာတ်ခွဲခန်းနဲ့ ဗိုင်းရပ်စ် ဆက်စပ်တဲ့ အထောက်အထားကို မတွေ့ရသေးဘဲ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘာဝအလျောက် ဖြစ်လာဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။
3 years Ago
Up