close

သေဆုံးသူ ၅၀

close

August 16, 2021

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၅၀ ကျော်ရှိလာ

ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်မှ ဩဂုတ်  ၁၅ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၀၅  ဦး ရှိပြီး သေဆုံးသူ ၅၁ ဦးရှိကြောင်း  ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုးတွေ့သူတွေထဲက လွိုင်ကော်မြို့နယ်က ၇၇၂ ဦး၊ ဖရူဆိုးမြို့နယ်က ၆ ဦး၊ ဘောလခဲမြို့မှာ ၅၆ ဦး နဲ့ ဖားဆောင်းမြို့နယ်မှာ ၂၇၁ ရှိကြောင်း ဖော်ပြထားပါတယ်။

သေဆုံးသူ ၅၁ ထဲမှာတော့ လွိုင်ကော်မြို့နယ် ၄၇ ဦး၊ ဖရူဆိုးမြို့နယ်က ၁ ဦးနဲ့ ဖားဆောင်း မြို့နယ်က ၃ ဦး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

 ပိုတွေ့သူတွေထဲမှာ ၆၉၃ ဦးဆေးရုံကနေ ဆင်းပြီး ၃၆၀ ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ 

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့ ဖားဆောင်းမြို့နယ် မော်ချီး (လိုခါးလို) ဒေသကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် ဩဂုတ် ၃ ရက်က သတ်မှတ်ကြေညာထားပြီး ဒီကနေ့အထိ Stay at home သတ်မှတ်ထားဆဲဖြစ်ပါတယ်။ 

14 mins Ago

July 19, 2020

တူရကီနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူများ လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၅၀ ရှိလာ

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ရေကန်ထဲမှာ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လှေတစီး နစ်မြှုပ်မှုမှာ  သီတင်းပတ် ၃ ပတ်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေ ၅၀ ရှိပြီလို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။ စနေနေ့က အလောင်း ငါးလောင်း ထပ်မံဆယ်ယူရရှိခဲ့လို့ အယောက် ငါးဆယ် ပြည့်တာလို့ အုပ်ချုပ်ရေး မှူးရုံးက ပြောပါတယ်။ ဇွန်လ ၂၇ ရက်က နစ်မြုပ်ခဲ့တဲ့ လှေဟာ လူ အယောက် ၆၀ လောက်ကို တင်လာခဲ့တယ်လို့ ယုံကြည်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူငါးယောက်ကို တရားဝင် ဖမ်းထားပါတယ်။  အီရန်နိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ ဒီရေကန်ဟာ အီရန် အာဖဂန်နစ္စတန်နဲ့ တခြားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေ တူရကီကနေ ဥရောပကို ပုံမှန်သွားနေကျ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။  ဒီဇင်ဘာလကလည်း ဒီကန်ထဲမှာ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် နဲ့ အာဖဂန်နစ္စတန်က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီးနစ်လို့ လူ ၇ ယောက် သေပြီး ၆၄ ယောက်ကို ကယ်တင်ခဲ့ရပါတယ်။
1 year Ago
Up