close

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၅၀ ကျော်ရှိလာ

ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်မှ ဩဂုတ်  ၁၅ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၀၅  ဦး ရှိပြီး သေဆုံးသူ ၅၁ ဦးရှိကြောင်း  ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုးတွေ့သူတွေထဲက လွိုင်ကော်မြို့နယ်က ၇၇၂ ဦး၊ ဖရူဆိုးမြို့နယ်က ၆ ဦး၊ ဘောလခဲမြို့မှာ ၅၆ ဦး နဲ့ ဖားဆောင်းမြို့နယ်မှာ ၂၇၁ ရှိကြောင်း ဖော်ပြထားပါတယ်။

သေဆုံးသူ ၅၁ ထဲမှာတော့ လွိုင်ကော်မြို့နယ် ၄၇ ဦး၊ ဖရူဆိုးမြို့နယ်က ၁ ဦးနဲ့ ဖားဆောင်း မြို့နယ်က ၃ ဦး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

 ပိုတွေ့သူတွေထဲမှာ ၆၉၃ ဦးဆေးရုံကနေ ဆင်းပြီး ၃၆၀ ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ 

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့ ဖားဆောင်းမြို့နယ် မော်ချီး (လိုခါးလို) ဒေသကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် ဩဂုတ် ၃ ရက်က သတ်မှတ်ကြေညာထားပြီး ဒီကနေ့အထိ Stay at home သတ်မှတ်ထားဆဲဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up