close

သောက်သုံးရေ ပြတ်လပ်မှု

close

April 21, 2022

မန္တလေးက မြို့နယ်တချို့တွင် စည်ပင်ရေမလာသဖြင့် ပြည်သူများ သုံးရေအခက်အခဲဖြစ်နေ

မန္တလေးမြို့က မြို့နယ်တချို့မှာ စည်ပင်သာယာက ရေမလာတာ ၃ ရက်ရှိပြီဖြစ်တာကြောင့် ပြည်သူတွေ သုံးရေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ် တချို့နေရာတွေမှာ ရေပြတ်နေတာဖြစ်ပြီး ရေဝယ်သုံးနေရကြရပါတယ်။

မန္တဘေးမြို့နေ ပြည်သူတဦးက “ရေပြတ်တာ အိမ်သာရေတောင် မရှိလို့ ဝယ်သုံးနေရတယ်။ တချို့ တိုက်ခန်းတွေဆို ရေတင်ရတာ မလွယ်ဘူး။ ရေလာချိန်နဲ့ မီးလာချိန်က ကွက်တိဖြစ်မှ ရေတင်လို့ရတာ။ မီးကလည်း မမှန်ဆိုတော့ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။

တချို့ လူမှုကူညီရေးအသင်းတွေကတော့ ရေပြတ်လပ်နေတဲ့ ဘုန်းကြီးကျောင်းတွေ၊ ရပ်ကွက်တွေကို ရေလှူဒါန်းပေးတာတွေ လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် အဝီစိတွင်းရှိသူတွေက ရေစက်နှိုးပြီး ရေဝေပေးတာ၊ ရေချိုးကန်တွေမှာ ပိုက်ဆံပေးပြီး ရေချိုးရတာတွေ ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ပြီး မီးတိုင်တွေ လဲကျကာ မီးပြတ်နေတာကြောင့် ရေမလွှတ်နိုင်တာဖြစ်တယ်လို့ စည်ပင်သာယာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

26 seconds Ago

March 14, 2020

သောက်သုံးရေ ပြတ်လပ်မှု အသိပေးနိုင်မည့် အက်ပလီကေးရှင်း မတ် ၁၅ ရက် စဖြန့်မည်

နွေရာသီမှာ သောက်သုံးရေပြတ်လပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့နဲ့ သိရှိနိုင်ဖို့ ဖုန်းမှာ သုံးနိုင်တဲ့ အက်ပလီကေးရှင်းကို မတ် ၁၅ ရက်မှာ စတင်ဖြန့်ချိမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေပြတ်လပ်နိုင်တဲ့ ရွာတွေ စာရင်းကောက်တာ၊ အဲဒီရွာတွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ဖို့နဲ့ သောက်သုံးရေအလျင်အမြန် ဖြည့်ဆည်းပေးနိုင်ဖို့ အစီအစဉ် ချမှတ် လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။ ရေပြတ်လပ်ရင် ချက်ချင်းတုံ့ပြန်နိုင်ဖို့နဲ့ အချက်အလက်တွေအချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့ www.water-donation.com ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ပေးမှာဖြစ်သလို ဖုန်းတွေကအနေ အလွယ်တကူသုံးစွဲနိုင်ဖို့ Water Donation Myanmar အက်ပလီကေးရှင်းကိုလည်း အဲဒီဝက်ဘ်ဆိုဒ်နဲ့ Google Play Store တို့ကနေ မတ် ၁၅ မှာ စတင်ဖြန့်ချိမယ်လို့ ဆိုပါတယ်။ အဲဒီမှာ သောက်သုံးရေ ပြတ်လပ်တာ၊ လှူဒါန်းဖြန့်ဝေတဲ့ အခြေအနေတွေကို သတင်းပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေကနေ သက်ဆိုင်ရာ ရွာတွေဆီ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားပြီးဖြစ်တာကြောင့် သောက်သုံးရေ ရှားပါးခဲ့ရင် ဖုန်း၊ ဖေ့စ်ဘုတ်၊ ဗိုက်ဗာ၊ မက်ဆင်ဂျာတို့ကနေလည်း သတင်းပေးပို့နိုင်တာကို အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
2 years Ago
Up