တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီခွဲလောက်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၂ ပါးနဲ့ ဘုန်းကြီးကျောင်းသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းထိုင်ဆရာတော် အရှင်ပညောဘာသအပါအဝင် အဖမ်းခံရသူတွေဟာ ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်တောင်ပေါ်ဘုန်းကြီးကျောင်းကဖြစ်ပြီး မနက် ၃ နာရီလောက်မှာ ကျောင်းတိုက်ကို ရောက်လာကာ ဖမ်းဆီးသွားတာပါ။
အခုလို ဖမ်းဆီးမခံရခင် ၂ ရက်လောက်ကတော့ ကြယ်တောင်ဘုန်းကြီးကျောင်းမှာ PDF တပ်ဖွဲ့ဝင်တွေနေထိုင်ပြီး ကျောင်းထိုင်ဆရာတော်က ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ ထောက်ခံသူ တချို့ ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တင်ခဲ့ပါတယ်။
အခုလို လာဖမ်းချိန် ထားဝယ်ကနေ ဂေါ့အင်းကျေးရွာနဲ့ကပ်လျက် ညင်းမော်ကျေးရွာအထိ ကားလမ်းမတလျှောက် တပ်ဖွဲ့ဝင် ၅၀ ကျော်လောက်က ကင်းပုန်းဝပ်ပြီး လုံခြုံရေး ယူထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဘုန်းကြီးကျောင်းမှာ PDF တွေ ရှိတယ်လို့ တကယ်ထင်လို့လား မသိဘူး ကျောင်းထဲ ဝင်ဖမ်းတာ။ အင်အား များတယ်၊ လာတဲ့ လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေချထားတယ်။"
အဖမ်းခံရတဲ့သူအားလုံးကိုတော့ ထားဝယ်မြို့ပေါ်ကို ခေါ်ဆောင်သွားပြီး ဘုန်းကြီးကား တစီးကိုလည်း ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်ကတော့ ကြယ်တောင်ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး သေဆုံးကာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ သမ္မတ ရာဂျာပက်ခ်စာ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သံဃာတွေ ဦးဆောင်ပြီး ဇူလိုင် ၇ ရက်မှာ ပြုလုပ်ပါတယ်။
သံဃာတွေဟာ ဘူတာကြီးရဲ့ အပြင်ဘက်မှာ စုဝေးပြီး အနားက ဘုန်းကြီးကျောင်းဆီကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးအလွန် အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေကြောင့် သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ကပ်ဆိုက်နေပြီး လူဦးရေ ၂၂ သန်းဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာ၊ မြေသြဇာ မဝယ်ယူနိုင်တဲ့အခြေ စိုက်နေတာပါ။
ငွေကြေးဖောင်းပွဲမှုဟာလည်း ဇွန်လမှာ ၅၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
မကြာခင်က သီရိလင်္ကာနိုင်ငံကို သွားရောက်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လက်ရှိဝန်ကြီးချုပ်က တိုင်းပြည် စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ့် အစီအစဉ်တွေကို ချပြခဲ့ပါတယ်။