သီရိလင်္ကာသမ္မတ နုတ်ထွက်ရန် သံဃာများ ဦးဆောင် ဆန္ဒပြ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ သမ္မတ ရာဂျာပက်ခ်စာ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သံဃာတွေ ဦးဆောင်ပြီး ဇူလိုင် ၇ ရက်မှာ ပြုလုပ်ပါတယ်။
သံဃာတွေဟာ ဘူတာကြီးရဲ့ အပြင်ဘက်မှာ စုဝေးပြီး အနားက ဘုန်းကြီးကျောင်းဆီကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးအလွန် အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေကြောင့် သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ကပ်ဆိုက်နေပြီး လူဦးရေ ၂၂ သန်းဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာ၊ မြေသြဇာ မဝယ်ယူနိုင်တဲ့အခြေ စိုက်နေတာပါ။
ငွေကြေးဖောင်းပွဲမှုဟာလည်း ဇွန်လမှာ ၅၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
မကြာခင်က သီရိလင်္ကာနိုင်ငံကို သွားရောက်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လက်ရှိဝန်ကြီးချုပ်က တိုင်းပြည် စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ့် အစီအစဉ်တွေကို ချပြခဲ့ပါတယ်။