close

သံမဏိ

close

November 16, 2021

သံမဏိနှင့်အလူမီနီယံ သွင်းကုန်ခွန်ဖြေလျှော့ရေး ဂျပန်နှင့် အမေရိကန် ဆွေးနွေးမည်

ဂျပန်ရဲ့ သံမဏိနဲ့ အလူမီနီယံ ပြည်ပတင်ပို့ကုန်တွေအပေါ် အမေရိကန်က နောက်ထပ် သွင်းကုန်ခွန် ကောက်ခံမယ့်ကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကိုစတင်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ သဘောတူလိုက်ပြီလို့ ဂျပန်စက်မှုလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

တိုကျိုမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း ဂျပန်စက်မှုလုပ်ငန်းဝန်ကြီး ကိုအိချိ ဟာဂီယူဒါ နဲ့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့ ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။

ဒါပေမဲ့ ဆွေးနွေးပွဲတွေအတွက် ရက်လည်း မသတ်မှတ်ထားသလို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆွေးနွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါတယ်။

ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ကာလကြာရှည် ကသိကအောက် ဖြစ်စေတဲ့ သွင်းကုန်ခွန်ကို ဖြေလျှော့ပေးဖို့ ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ပြောအပြီးမှာ ခုလို ဝန်ကြီးအဆင့် ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ သွင်းကုန်ခွန်ရဲ့ အပိုဒ် ၂၃၂ ကို ဖျက်သိမ်းဖို့ အမေရိကန်ကို ဂျပန်က ဒီလ အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

29 seconds Ago

November 21, 2018

တရုတ် ဖန်ချုံဂန်းဆိပ်ကမ်း သံမဏိတင်ပို့ရာ အဓိကဆိပ်ကမ်း ဖြစ်လာ

တရုတ်ကုန်းမကြီးရဲ့ ကမ်းရိုးတန်း အနောက်တောင်ဘက်စွန်းနားက ဖန်ချုံဂန်း ဆိပ်ကမ်းဟာ တရုတ်ရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်းမှာ ပါဝင်တဲ့ နိုင်ငံတွေဆီ တရုတ်နိုင်ငံက သံမဏိတင်ပို့ရာ အဓိကဆိပ်ကမ်း ဖြစ်လာပါတယ်။ တရုတ်ရဲ့ ၁၉ ခုမြောက် သတ္တုစပ် ကော်ပိုရေးရှင်းက ဖန်ချုံဂန်းဆိပ်ကမ်း ပစ္စည်းကိရိယာ တပ်ဆင်ရေး ကုမ္ပဏီကို တည်ဆောက်ခဲ့လို့ ဘေးဘူပင်လယ်ကွေ့တလွှား အကြီးဆုံး သံမဏိထည် တင်ပို့ရေးစခန်း ဖြစ်လာပါတယ်။ ရက်ပေါင်း ၂၀ ကျော် ကြိုးစားအပြီးမှာ သံမဏိထည် တန်ချိန် ၁၈၀၀ ကို ကောင်းကောင်း ထုပ်ပိုးပြီး အင်ဒိုနီးရှားနိုင်ငံဆီ သင်္ဘောနဲ့ တင်ပို့ပါတယ်။ ဒါဟာ ဒီနှစ်ထဲမှာ တရုတ်သံမဏိကို နိုင်ငံခြားကိုတင်ပို့တဲ့ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလကလည်း မလေးရှား-တရုတ် ကွမ်တန် စက်မှုဇုန်စီမံကိန်း (MCKIP) အတွက် မလေးရှားနိုင်ငံကို တရုတ်ရဲ့ အကြီးဆုံး သံမဏိထည် တင်ပို့ခဲ့ပါတယ်။ MCKIP ဟာ တရုတ်နဲ့ မလေးရှားအစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါတဲ့ စီမံကိန်းပါ။ ဒီစီမံကိန်းအတွက် လိုတဲ့ သံမဏိထည် တန်ချိန် ၂ သောင်းကျော်ကို ဒီဆိပ်ကမ်းကနေပဲ တင်ပို့ခဲ့ပါတယ်။ ဖန်ချုံဂန်းဆိပ်ကမ်း ပစ္စည်းကိရိယာ တပ်ဆင်ရေး ကုမ္ပဏီဟာ သံမဏိထည် တန်ချိန် ၁ သိန်း ၈ သောင်းကို ထုတ်လုပ်ခဲ့ပြီး အရှေ့တောင်အာရှ ၈ နိုင်ငံကနေ အမှာစာတွေ လက်ခံရရှိထားတယ်လို့ စီစီတီဗွီ သတင်းဌာနက ဖော်ပြထားပါတယ်။
3 years Ago
Up