close

သွင်းကုန်ခွန်

close

November 16, 2021

သံမဏိနှင့်အလူမီနီယံ သွင်းကုန်ခွန်ဖြေလျှော့ရေး ဂျပန်နှင့် အမေရိကန် ဆွေးနွေးမည်

ဂျပန်ရဲ့ သံမဏိနဲ့ အလူမီနီယံ ပြည်ပတင်ပို့ကုန်တွေအပေါ် အမေရိကန်က နောက်ထပ် သွင်းကုန်ခွန် ကောက်ခံမယ့်ကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကိုစတင်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ သဘောတူလိုက်ပြီလို့ ဂျပန်စက်မှုလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

တိုကျိုမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း ဂျပန်စက်မှုလုပ်ငန်းဝန်ကြီး ကိုအိချိ ဟာဂီယူဒါ နဲ့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့ ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။

ဒါပေမဲ့ ဆွေးနွေးပွဲတွေအတွက် ရက်လည်း မသတ်မှတ်ထားသလို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆွေးနွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါတယ်။

ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ကာလကြာရှည် ကသိကအောက် ဖြစ်စေတဲ့ သွင်းကုန်ခွန်ကို ဖြေလျှော့ပေးဖို့ ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ပြောအပြီးမှာ ခုလို ဝန်ကြီးအဆင့် ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ သွင်းကုန်ခွန်ရဲ့ အပိုဒ် ၂၃၂ ကို ဖျက်သိမ်းဖို့ အမေရိကန်ကို ဂျပန်က ဒီလ အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

32 seconds Ago

November 10, 2019

သွင်းကုန်ခွန် ပယ်ဖျက်မည့်သတင်းမမှန်ဟု သမ္မတထရမ့်ပြော

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆွေးနွေးပွဲ အဆင်ပြေတယ်လို့ ဆိုပေမယ့် သွင်းကုန်ခွန်တွေကို အဆင့်လိုက် ပယ်ဖျက်မယ့်သတင်းဟာ မမှန်ကန်ဘူးလို့ သမ္မတထရမ့်က   နိုဝင်ဘာ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား အဆင့်-၁ ကုန်သွယ်ရေး သဘောတူညီချက်ရရှိပါက အပြန်အလှန် သွင်းကုန်ခွန်တွေကို တပြိုင်နက် ပယ်ဖျက်မယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။  ဒါပေမဲ့ မှန်ကန်တဲ့ သွင်းကုန်ခွန် ပယ်ဖျက်ရေး  အဆင့်ကိုလည်း ထရမ့်က ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ အလားတူ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်ခွန်တွေကို တပြိုင်နက်  ပယ်ဖျက်မယ်ဆိုတဲ့ အချိန်ကာလကိုတော့ မပြောခဲ့ပါဘူး။  တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ကြား ဒီလထဲမှာ  သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်တယ်လို့ ပြောပေမယ့် လက်မှတ်ရေးထိုးမယ့်နေရာကို မသတ်မှတ်ရသေးဘူးလို့ တရုတ်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
2 years Ago
Up