close

ဟဇ်ဘိုလာ

close

August 8, 2021

ဟဇ်ဘိုလာအုပ်စုနှင့် အစ္စရေးတပ်တို့ အပြန်အလှန် ပစ်ခတ်

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအုပ်စုက အစ္စရေး တပ်တွေဆီကို သြဂုတ် ၆ ရက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါကြောင့် အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အီရန်နဲ့ ဒေသတွင်း အခြေအနေတင်းမာမှု ကျယ်ပြန့်လာနေချိန်မှာ တတိယမြောက်နေ့အဖြစ် နယ်စပ်ဖြတ်ကျော်ပြီး သေနတ်တွေ အမြောက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်နေကြတာဖြစ်ပြီး အသေအပျောက်တော့ မရှိခဲ့ပါဘူး။

တင်းမာမှု ပိုကျယ်ပြန့် ပြင်းထန်လာတာကို ရှောင်ဖို့၊ အစ္စရေးက လေဟာပြင်တွေကို လေကြောင်း တိုက်ခိုက်ခဲ့လို့ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတပ်တွေနားက လေဟာပြင်တွေကို ပစ်မှတ်ထား ပြန်တိုက်ခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။

အစ္စရေးကလည်း စစ်ဖြစ်တဲ့အထိ အခြေအနေ တင်းမာပြင်းထန်တာကို မလိုချင်ပေမဲ့ ဖြစ်လာရင်လည်း အသင့်ပဲလို့ ပြန်ပြောခဲ့ပါတယ်။

အရင်သီတင်းပတ်က ပင်လယ်ကွေ့ထဲမှာ အစ္စရေးက ကြီးကြပ်နေတဲ့ ရေနံတင်သင်္ဘော ဗြိတိန်နဲ့ ရိုမေးနီးယားသင်္ဘောသား ၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ တိုက်ခိုက်ခံရလို့  အီရန်က တိုက်ခိုက်တယ်လို့ စွပ်စွဲထားပြီး အီရန်က စွဲချက်ကို ငြင်းထားပါတယ်။

3 months Ago

April 2, 2020

ကိုရိုနာကူးစက်မှုတိုက်ဖျက်ရေး လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ ပြောက်ကျားတပ် ကူညီ

အီရန်ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားပြီး လက်ဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေးအတွက် မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးမှာ ပိုးသတ်ဆေးဖျန်းတာနဲ့ ဆေးတပ်သား ဆေးလွှတ်တာတွေ ပြုလုပ်ပေးနေပါတယ်။ အရှေ့အလယ်ပိုင်းတလွှားမှာ တပ်ချထားတဲ့ ဟဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေဟာ အိမ်တွေမှာ ပိုးသတ်တာ၊ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ နေရာချတာနဲ့ ဆေးဘက် ဝန်ထမ်းတွေကို ရှေ့တန်းမှာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ဖို့ လွှတ်ပေးတာတွေ လုပ်ခဲ့ကြပါတယ်။  ပြည်သူ ၂ သောင်းခွဲကိုလည်း ကူးစက်မှု သက်သာစေဖို့ စီမံကိန်း အစိတ်အပိုင်းအနေနဲ့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ အမှုဆောင်ကောင်စီဝင် ဆေးယဒ် ဟာရှမ် ဆာဖိဒင်က ပြောပါတယ်။  ဟဇ်ဘိုလာတွေ ရဲ့ စီမံကိန်းထဲမှာ ဆရာဝန် အယောက် ၁၅၀၀၊ သူနာပြု ၃၀၀၀၊ ရှေးဦးသူနာပြုနဲ့ တက်ကြွလှုပ်ရှား သူ အယောက် ၂ သောင်းပါတယ်လို့ ဆိုပါတယ်။ ဘေရွတ်မြို့တော်မှာရှိတဲ့ ဟဇ်ဘိုလာတွေရဲ့ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ကုသပေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မသုံးတဲ့ ဆေးရုံ ၄ ရုံကို ငှားရမ်းခဲ့ပြီး လက်ဘနွန်နိုင်ငံ တလွှားက ဆေးခန်း ၃၂ ခန်းကိုလည်း ပြင်ဆင်ထားသလို ထပ်မံလိုအပ်က ယာယီ ဆေးရုံ ၃ ရုံ တည်ထောင်ဖို့ ပြင်ဆင်ပြီးပြီလို့ ပြောပါတယ်။ ရောဂါခြေချုပ်အတွက် အသွားအလာ ကန့်သတ်မယ့် လူတွေကို ထားဖို့ ဟိုတယ်တွေကိုလည်း ငှားရမ်းပြီးပြီလို့ ပြောပါတယ်။ သူတို့ရဲ့ စီမံကိန်းထဲမှာ ကူးစက်ခံ အတည်ပြုလူနာတွေနဲ့ အိမ်မှာ သီးခြားခွဲနေသူတွေ ညွှန်ကြားချက်ကို လိုက်နာမှု ရှိမရှိကို စောင့်ကြည့်မယ့် အစီအစဉ်လည်း ပါပါတယ်။ လက်ဘနွန်နိုင်ငံမှာ ဧပြီ ၂ ရက်နေ့ထိ အတည်ပြုချက်အရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံ ၄၇၃ ဦးနဲ့ သေဆုံး ၁၄ ဦးရှိပြီဖြစ်ပြီး နိုင်ငံတွင်းမှာလည်း ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
2 years Ago
Up