ဟဇ်ဘိုလာအုပ်စုနှင့် အစ္စရေးတပ်တို့ အပြန်အလှန် ပစ်ခတ်

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအုပ်စုက အစ္စရေး တပ်တွေဆီကို သြဂုတ် ၆ ရက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။
အီရန်နဲ့ ဒေသတွင်း အခြေအနေတင်းမာမှု ကျယ်ပြန့်လာနေချိန်မှာ တတိယမြောက်နေ့အဖြစ် နယ်စပ်ဖြတ်ကျော်ပြီး သေနတ်တွေ အမြောက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်နေကြတာဖြစ်ပြီး အသေအပျောက်တော့ မရှိခဲ့ပါဘူး။
တင်းမာမှု ပိုကျယ်ပြန့် ပြင်းထန်လာတာကို ရှောင်ဖို့၊ အစ္စရေးက လေဟာပြင်တွေကို လေကြောင်း တိုက်ခိုက်ခဲ့လို့ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတပ်တွေနားက လေဟာပြင်တွေကို ပစ်မှတ်ထား ပြန်တိုက်ခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။
အစ္စရေးကလည်း စစ်ဖြစ်တဲ့အထိ အခြေအနေ တင်းမာပြင်းထန်တာကို မလိုချင်ပေမဲ့ ဖြစ်လာရင်လည်း အသင့်ပဲလို့ ပြန်ပြောခဲ့ပါတယ်။
အရင်သီတင်းပတ်က ပင်လယ်ကွေ့ထဲမှာ အစ္စရေးက ကြီးကြပ်နေတဲ့ ရေနံတင်သင်္ဘော ဗြိတိန်နဲ့ ရိုမေးနီးယားသင်္ဘောသား ၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ တိုက်ခိုက်ခံရလို့ အီရန်က တိုက်ခိုက်တယ်လို့ စွပ်စွဲထားပြီး အီရန်က စွဲချက်ကို ငြင်းထားပါတယ်။