close

ဟန်ဒါဆင်

close

June 22, 2021

မက်ဂွဲယားနှင့် ဟန်ဒါဆန်တို့ကို ပွဲထွက်ခွင့်ပေးပြီး ဟာရီကိန်းကို ချန်လှပ်သင့်ကြောင်း ကာရေဂါ တိုက်တွန်း

အင်္ဂလန်အသင်းဟာ ဇွန် ၂၃ ရက်နေ့ ချက်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မက်ဂွဲယားနဲ့ ဟန်ဒါဆန်တို့ ပွဲထွက်ကစားခွင့်ပေးသင့်ပြီး  တိုက်စစ်မှူးဟာရီကိန်းကိုတော့ ချန်လှပ်ထားသင့်တယ်လို့ နောက်ခံလူဟောင်း ကာရေဂါက အကြံပြုတိုက်တွန်းပါတယ်။

ယူရို ၂ ပွဲ ကစားအပြီးမှာ မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ လီဗာပူးအသင်း ခေါင်းဆောင် ဟန်ဒါဆန်တို့က ပွဲကစားခွင့်မရသေးတာ ဖြစ်ပါတယ်။ ချက်နဲ့ပွဲမှာတော့  အဲဒီဝါရင့်ကစားသမား ၂ ဦးကို ပွဲထွက်ခွင့်ပေးသင့်ပြီး အသင်းခေါင်းဆောင် ဟာရီကိန်းကိုတော့ ချန်လှပ်သင့်ကြောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။ 

တိုက်စစ်ပိုင်းမှာ ဂရီးလစ်ချ်ကိုလည်း ပွဲထွက်ခွင့်ပေးသင့်ပြီး စတာလင်၊ မေဆန်မောင့်တို့နဲ့ တွဲဖက်ပေးသင့်ကြောင်း ကာရေဂါက တိုက်တွန်းခဲ့ပါတယ်။

ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန်ကို ဒက်ကလန်ရိုက်နဲ့ တွဲပြီး ၁ နာရီလောက်  ကစားစေသင့်ကာ ပြီးမှ ဖိလစ်ကို လူစားလဲသင့်ကြောင်းလည်း ကာရေဂါက အကြံပြုတိုက်တွန်းပါတယ်။

9 mins Ago

November 29, 2020

ဘရိုက်တန်နှင့် ပွဲပြီးခါနီး ပင်နယ်တီဂိုးအတွက် လီဗာပူးအသင်းခေါင်းဆောင် ဝေဖန် (ရုပ်သံဟိုက်လိုက်)

ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ဘရိုက်တန်အသင်းနဲ့ သရေကျခဲ့ရတဲ့ အခြေအနေအ ပေါ်လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်က ဒေါသထွက်ပေါက်ကွဲနေပါတယ်။  ဒါ့အပြင် ပင်နယ်တီ ဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘတ်ကိုယ်တိုင်ကတောင် ပင်နယ်တီဆုံးဖြတ်ချက်က ပြင်းထန်လွန်းတယ်လို့ ခံစားရကြောင်းလည်း ဟန်ဒါဆန်က ပြောပါတယ်။  ဒီပွဲမှာ လီဗာပူးလက်က မာနေးနဲ့ ဆာလတ်တို့ရဲ့ သွင်းဂိုးတွေဟာ လူကျွံဘောဖြစ်နေတာကြောင့် ငြင်းပယ်ခံခဲ့ရပြီး ဂျိုတာရဲ့တလုံးတည်းသော ဦးဆောင်ဂိုးနဲ့  ပြိုင်ပွဲကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာတော့ ရော်ဘတ်ဆန်ရဲ့ဧရိယာအတွင်း ဘောလုံးရှင်းထုတ်မှုဟာ ဘရိုက်တန်တိုက် စစ်မှူးဝဲလ်ဘတ်ရဲ့ ခြေထောက်ကို ကန်မိခဲ့တယ်လို့ဆိုကာ VAR က ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ကနဦးမှာပွဲကို ပုံမှန်အတိုင်းဆက်ကစားခဲ့ပေမယ့် ဒိုင်လူကြီး စတူးအတ်အတ်ဝဲလ်ကို ကွင်းဘေးက တီဗွီကိုပြန်ကြည့်ပြီး ပင်နယ်တီဟုတ်မဟုတ် ဆုံးဖြတ်ဖို့တောင်းဆိုမှုကြောင့် ဘရိုက်တန်တို့ ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။  ဒီအခြေအနေပေါ်မှာ ဟန်ဒါဆန်က ပေါက်ကွဲခဲ့တာဖြစ်ပြီး လီဗာပူးအသင်းရဲ့အနိုင် ၃ မှတ်ဟာ လုယူခံခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ “ဒီပွဲဟာ ကျနော်တို့နိုင်ရမှာပါ။ ကျနော့်အမြင်မှာတော့ ၃ မှတ်ရသင့်တာပါ။ ကျနော် replay လည်း ပြန်ကြည့်ပြီးပါပြီ။ ဘယ်သူက ပျော်နိုင်မှာလဲဗျာ။ ဒါဟာ ပင်နယ်တီမဟုတ်ပါဘူ။ ကျနော်တို့ အမြဲတမ်းကွင်းထဲမှာ ရပ်ပြီးတော့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်နေကြရပါတယ်။ ကျနော်အများကြီး မဝေဖန်လိုပေမဲ့ ဒါဟာ ပင်နယ်တီတော့မဟုတ်ပါဘူး။ ဒန်နီဝဲလ်ဘတ်ကလည်း ဒါဟာပင်နယ်တီမဟုတ်ပါဘူးလို့ ကျနော့်ကို  ပြောပါတယ်။ ဘရိုက်တန်အသင်းဘက်ကလည်း ဒါကို ပင်နယ်တီမဟုတ်ဘူးလို့ ခံစားရတဲ့သူ ၄၊ ၅ ယောက်  လောက်ရှိနေပါတယ်” လို့ ဟန်ဒါဆင်ကပြောပါတယ်။ လူစုံပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာ အနိုင် ၃ မှတ်အတွက်ရုန်းကန်ခဲ့ရပြီး အစော ပိုင်းမှာလည်း ပင်နယ်တီတစ်လုံး ပေးလိုက်ရပါသေးတယ်။  ဒီပင်နယ်တီကို ဘရိုက်တန်တိုက်စစ်မှူး မူပေး လွဲချော်ခဲ့ မှုကြောင့်သာ သက်သာခဲ့ရတာဖြစ်ပါတယ်။  စနေနေ့ပွဲမှာ လီဗာပူးအတွက် အနိုင်သေချာနေတဲ့ ၃ မှတ်ကို လက်လွှတ်ခဲ့ရတဲ့အပြင် ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အသင်းရဲ့လူစာရင်းမှာလည်း ဝါရင့်ကစားသမား ဂျိမ်းစ်မီနာ ထပ်တိုးခဲ့ပါသေးတယ်။
7 months Ago
Up