close

ဟာလန်း

close

May 12, 2023

FWA ကချီးမြှင့်သည့် တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီးတိုက်စစ်မှူး ဟာလန်း ရရှိ

အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းဟာ Football Writers’ Association (FWA) က ရွေးချယ်တဲ့ 2023 FWA Men’s Footballer Of The Year ဆုကို ရရှိခဲ့ပါတယ်။

ဟာလန်းဟာ ဒီဆုကို မဲ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အသာရခဲ့ပြီး ဆာကာက ဒုတိယ၊ အိုဒီဂတ်က တတိယ၊ ဒီဘရိုင်းနဲ့ ရက်ရှ်ဖို့ဒ်တို့က စတုတ္ထနဲ့ ပဥ္စမ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။

ဟာလန်းက “ကျနော့်ကို မဲပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ အခု ကျနော် ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အတွက်နဲ့ မန်စီးတီးကို ဆုဖလားတွေရအောင် ကူညီပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်” လို့ ပြောပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ အံ့ဩစရာကောင်းအောင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစား၊ ၅၁ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ရရှိဖို့လည်း အခြေအနေ ကောင်းနေပါတယ်။

FWA ဆုကို ၁၉၄၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဆာစတန်လေမက်သရူးက ပထမဆုံး ရရှိခဲ့ပါတယ်။

13 hours Ago

May 7, 2023

ဂွမ်ဒိုဂမ်ကို ပင်နယ်တီ ပေးကန်ခဲ့သည့် ဟာလန်းကို ဂွါဒီယိုလာ မကျေနပ်

လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကို ဟာလန်းက ကိုယ်တိုင်မကန်ဘဲ ကွင်းလယ်လူ ဂွမ်ဒိုဂမ်ကို ပေးကန်ခဲ့တဲ့အပေါ် နည်းပြဂွါဒီယိုလာက မကျေမနပ်ဖြစ်နေပါတယ်။

မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိနေတဲ့အချိန်မှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့တာပါ။

ပင်နယ်တီကန်သွင်းဖို့ တာဝန်ပေးခံထားရသူ ဟာလန်းဟာ အစောပိုင်းမှာ သွင်းဂိုးနှစ်ဂိုးရရှိထားတဲ့ အသင်းဖော် ဂွမ်ဒိုဂမ်ကို ဟတ်ထရစ်သုံးဂိုးရရှိစေဖို့အတွက် ပင်နယ်တီပေးကန်ခဲ့တာပါ။ 

ဒါပေမဲ့ ဂွမ်ဒိုဂမ်က ပင်နယ်တီလွဲချော်ခဲ့ပြီး  ၁ မိနစ်အတွင်းမှာပဲ ဘုန်းမောက်က ချေပဂိုး သွင်းသွားတာကြောင့် မန်စီးတီးတို့ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာပါ။

ဂမ်ဒိုဂမ်အနေနဲ့ ဟတ်ထရစ်ရမယ်ဆိုရင် နှစ်သက်စရာဖြစ်ပေမဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ၂ ဂိုး ပြတ်နဲ့ ရလဒ်ဟာ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ဦးစားပေးကန်သွင်းသူ ဟာလန်းသာ ပင်နယ်တီ ဆက်ကန်သင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အနိုင် ၃ မှတ်ရရှိခဲ့ပြီး ပင်နယ်တီကန်သွင်းတဲ့ကိစ္စကတော့ သင်ခန်းစာ ယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။ 

6 days Ago
Up