close

ဟေတန်ဟိုတယ်

close

March 3, 2022

မန္တလေး ဟေတန်ဟိုတယ်အနီး မိုင်းပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေတန်ဟိုတယ် အနီး ၆၆ လမ်း၊ ၂၆ လမ်း နဲ့ ၂၇ လမ်းကြားရှိ ပလက်ဖောင်းပေါ်မှာ မတ်လ ၃ ရက်က  ချိန်ကိုက်မိုင်းပေါက်ကွဲပြီး လူထိခိုက် ဒဏ်ရာရတာ မရှိပေမဲ့ ဟိုတယ်မြေညီထပ်ရှိ မှန်ပြတင်းပေါက် ကွဲအက်ပျက်စီးသွားပါတယ်။

“အရင်လို လူစည်တယ် ဆိုရင် လူထိခိုက်နိုင်တယ်။ အခုတော့ လူလည်း သိပ်မရှိတော့ အထိအခိုက်တော့ မရှိဘူး။” လို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူ တဦးက ပြောပါတယ်။ 

ဒါ့အပြင် မနက် ၆ နာရီကျော်လောက်က  ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းမှာလည်း လက်လုပ်မိုင်းတစ်ခုပေါက်ကွဲပြီး  အနီးရှိ ပြည်သူတယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

59 seconds Ago
Up