close

မန္တလေး ဟေတန်ဟိုတယ်အနီး မိုင်းပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေတန်ဟိုတယ် အနီး ၆၆ လမ်း၊ ၂၆ လမ်း နဲ့ ၂၇ လမ်းကြားရှိ ပလက်ဖောင်းပေါ်မှာ မတ်လ ၃ ရက် မနက် ၈ နာရီလောက်က  ချိန်ကိုက်မိုင်းပေါက်ကွဲပြီး လူထိခိုက် ဒဏ်ရာရတာ မရှိပေမဲ့ ဟိုတယ်မြေညီထပ်ရှိ မှန်ပြတင်းပေါက် ကွဲအက်ပျက်စီးသွားပါတယ်။

“အရင်လို လူစည်တယ် ဆိုရင် လူထိခိုက်နိုင်တယ်။ အခုတော့ လူလည်း သိပ်မရှိတော့ အထိအခိုက်တော့ မရှိဘူး။” လို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူ တဦးက ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက အနီးနားဝန်းကျင်ကို လာရောက်စစ်ဆေးခဲ့တာရှိပေမဲ့ ဖမ်းဆီးမှုသတင်းတွေကတော့ မရရှိပါဘူး။

ဒါ့အပြင် မနက် ၆ နာရီကျော်လောက်က  ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းမှာလည်း လက်လုပ်မိုင်းတစ်ခုပေါက်ကွဲပြီး  အနီးရှိ ပြည်သူတယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up