close

ဟော်လန်နည်းပြ

close

May 11, 2022

ရာသီကြိုလေ့ကျင့်မှု အချိန် ၂ ပတ်စောပြုလုပ်ရန် မန်ယူနည်းပြသစ် တန်ဟတ်ဂ် ဆုံးဖြတ်

မန်ယူအသင်းနည်းပြသစ် အဲရစ်တန်ဟတ်ဂ်ဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုတွေကို မူလစီစဉ်ထားတာထက် အချိန် ၂ ပတ်စောပြီး ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ရာသီကြိုလေ့ကျင့်မှုတွေကို လာမယ့် ဇူလိုင် ၄ ရက်မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ နည်းပြ တန်ဟတ်ဂ်ကတော့ အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို အားရကျေနပ်မှု မရှိတာကြောင့် ဇွန် ၂၀ ရက်နေ့မှာ လေ့ကျင့်မှုတွေစတင်ဖို့ အသင်းသားတွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အိုင်းယက်စ်အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူနေတဲ့ တန်ဟတ်ဂ်ဟာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ခဲ့ပြီး ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး အားရကျေနပ်ခြင်းမရှိဘူးလို့ Mirror သတင်းစာက ဖော်ပြပါတယ်။

အခုနှစ်ရာသီ ယူနိုက်တက်အသင်း ကျရှုံးရတာဟာ ကြံ့ခိုင်မှုမကောင်းတာက အရေးပါတဲ့ အချက်တချက်အဖြစ် နည်းပြတန်ဟတ်ဂ်က ရှုမြင်ထားပါတယ်။

အသက် ၅၂ နှစ်ရှိ ဟော်လန်နည်းပြ တန်ဟတ်ဂ်ဟာ ဒီဘက်ခေတ်နည်းပြတွေလို ဘောလုံးလုယူနိုင်မှု အားကောင်းဖို့ အလိုရှိပြီး မိနစ် ၉ဝ အတွင်းမှာ လုပ်အားနှုန်း ကောင်းမွန်ဖို့အတွက် မန်ယူအသင်းရဲ့ ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

4 mins Ago

July 2, 2020

ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ် ဘာစီလိုနာ ခန့်အပ်ဖွယ်ရှိ

ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာမြို့ကို ရောက်ရှိနေတာကြောင့် ဘာစီလိုနာ နည်းပြ သစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။  ဘာစီလိုနာအသင်းဟာ လက်ရှိအသင်းနည်းပြ ဆက်တီယန် လက်ထက်မှာ ရုန်းကန်နေရပြီး နောက်ဆုံး ၄ ပွဲမှာ  ၁ ပွဲသာအနိုင်ရပြီး ၃ပွဲသရေကျခဲ့တာပါ။   ဒီရလဒ်တွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း တစ်ပွဲပိုကစားပြီး တစ်မှတ်ကွာဟသွားခဲ့ပါတယ်။  နည်းပြ ဆက်တီယန်ရဲ့ အနာဂတ်ဟာ မတည်မငြိမ်ဖြစ်လာပြီး ကစားသမားတွေနဲ့ပါ ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။  ဒီလိုအခြေအနေမှာ ဘာစီလိုနာက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတဲ့ ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းက ဘာစီလိုနာမြို့မှာ ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကို ဇွန် ၃၀ ရက်က စပိန်မီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။  ရော်နယ်ကိုးမန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘာစီလိုနာနည်းပြအဖြစ်ခန့်အပ်ဖို့ ကမ်းလှမ်းခံခဲ့ရကြောင်း တရားဝင် ဝန်ခံထားတာကြောင့် ရာသီအကုန်မှာ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။  ကိုးမန်းဟာ အဲဗာတန်ကနေ ထွက်ခွါသွားပြီးနောက် ဟော်လန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ 
2 years Ago
Up