close

ရာသီကြိုလေ့ကျင့်မှု အချိန် ၂ ပတ်စောပြုလုပ်ရန် မန်ယူနည်းပြသစ် တန်ဟတ်ဂ် ဆုံးဖြတ်

မန်ယူအသင်းနည်းပြသစ် အဲရစ်တန်ဟတ်ဂ်ဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုတွေကို မူလစီစဉ်ထားတာထက် အချိန် ၂ ပတ်စောပြီး ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ရာသီကြိုလေ့ကျင့်မှုတွေကို လာမယ့် ဇူလိုင် ၄ ရက်မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ နည်းပြ တန်ဟတ်ဂ်ကတော့ အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို အားရကျေနပ်မှု မရှိတာကြောင့် ဇွန် ၂၀ ရက်နေ့မှာ လေ့ကျင့်မှုတွေစတင်ဖို့ အသင်းသားတွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အိုင်းယက်စ်အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူနေတဲ့ တန်ဟတ်ဂ်ဟာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ခဲ့ပြီး ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး အားရကျေနပ်ခြင်းမရှိဘူးလို့ Mirror သတင်းစာက ဖော်ပြပါတယ်။

အခုနှစ်ရာသီ ယူနိုက်တက်အသင်း ကျရှုံးရတာဟာ ကြံ့ခိုင်မှုမကောင်းတာက အရေးပါတဲ့ အချက်တချက်အဖြစ် နည်းပြတန်ဟတ်ဂ်က ရှုမြင်ထားပါတယ်။

အသက် ၅၂ နှစ်ရှိ ဟော်လန်နည်းပြ တန်ဟတ်ဂ်ဟာ ဒီဘက်ခေတ်နည်းပြတွေလို ဘောလုံးလုယူနိုင်မှု အားကောင်းဖို့ အလိုရှိပြီး မိနစ် ၉ဝ အတွင်းမှာ လုပ်အားနှုန်း ကောင်းမွန်ဖို့အတွက် မန်ယူအသင်းရဲ့ ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up