close

ဟော်လန်အသင်း

close

November 30, 2022

ဂတ်ပိုဟာ တောက်ပလာမည့် ကြယ်တပွင့် ဖြစ်လာလိမ့်မည်ဟု ဗန်ဟားလ် ချီးကျူး

ဟော်လန်လူငယ်တိုက်စစ်မှူး ဂတ်ပိုဟာ အနာဂတ်မှာ တောက်ပလာမယ့်ကြယ်တပွင့် ဖြစ်လာလိမ့်မယ်လို့ နည်းပြ ဗန်ဟားလ်က ချီးကျူးပါတယ်။

အသက် ၂၃ နှစ်ရှိ ဂတ်ပိုဟာ ဟော်လန်ရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ၁ ဂိုးစီသွင်းနိုင်ခဲ့ပြီး ဟော်လန်က အုပ်စုပထမနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ကိုဒီဂတ်ပိုဟာ ပီအက်စ်ဗွီအသင်းမှာတောင် နှစ်ရာသီ၊ သုံးရာသီပဲ ကစားရသေးလို့ ငယ်ရွယ်တဲ့ ကစားသမားဖြစ်ကြောင်း၊ စွမ်းဆောင်ရည်အပိုင်းမှာတော့ အရာအားလုံး ရှိနေတာကြောင့်  တောက်ပလာမယ့် ကြယ်တပွင့်ဖြစ်လာနိုင်ကြောင်း ဗန်ဟားလ်က ချီးကျူးပါတယ်။ 

ဟော်လန်နောက်ခံလူ ဗန်ဒိုက်နဲ့ တိုက်စစ်မှူး ဒီပိုင်းတို့ကလည်း အသင်းဖော် ဂတ်ပိုကို ချီးကျူးကြပါတယ်။

ဂတ်ပိုကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဟော်လန်အသင်းက ဝင်ပြိုင်ခွင့်မရခဲ့သလို သူ့အနေနဲ့လည်း ပရိသတ်တဦးအနေနဲ့သာ ကြည့်ရှုခဲ့ရကြောင်း၊ အုပ်စု ပထမရ ရှိခဲ့တာဟာ အသင်းသားတွေရဲ့ ခမ်းနားတဲ့စွမ်းဆောင်ရည် ဖြစ်ကြောင်း ဂတ်ပိုက ပြောပါတယ်။

3 hours Ago

March 28, 2022

ဟော်လန်အသင်း၏ ကစားကွက်နှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်ကို နောက်ခံလူဗန်ဒိုက် မေးခွန်းထုတ်

ဟော်လန်အသင်းရဲ့ ကစားကွက်နဲ့ပတ်သက်လို့ နည်းပြဗန်ဟားလ်ကို နောက်ခံလူ ဗန်ဒိုက်က မေးခွန်းထုတ်လိုက်ပါတယ်။

နည်းပြဗန်ဟားလ်ဟာ  ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ၃ ယောက်တန်း ခံစစ်ထားရှိတဲ့ ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်ကစားခဲ့တာမှာ ၄ ဂိုး  ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ခံစစ်ပိုင်း အားနည်းချက်တွေရှိခဲ့ပါတယ်။

ဟော်လန်အသင်းဟာ နည်းပြဗန်ဟားလ်လက်ထက်မှာ  ၈ ပွဲဆက်တိုက် ရှူံးပွဲမရှိဘဲ ကစားထားပေမယ့် ကစားကွက်နဲ့ ပတ်သက်လို့တော့ နည်းပြဗန်ဟားလ်ကို ဗန်ဒိုက်ကမေးခွန်း ထုတ်ခဲ့ပါတယ်။ 

“ကျနော်တို့ဟာ ကစားပုံသစ်တစ်ခုကို ကစားနေပြီး အဲဒီအပေါ်မှာ ပြန်လည်ဆန်းစစ်မှုတွေ လုပ်သွားရပါမယ်။ ကစားသမားတွေဆီကနေ ကွဲပြားခြားနားတဲ့အရာတွေ လိုအပ် နေတယ်။ ကစားကွက်နဲ့ ပတ်သက်ပြီးပြောရရင် ကျနော်ကတော့  ၄-၃-၃ ကိုပဲနှစ်သက်နေဆဲပါပဲ။ ဒါပေမဲ့ ကျနော်က နည်းပြမဟုတ်တာမို့ အသုံးပြုတဲ့ကစားကွက်နဲ့ ပတ်သက်ပြီး  နည်းပြချုပ်မှာ ပိုကောင်းတဲ့ အမြင်တွေရှိနိုင်ပါတယ်” လို့ဗန်ဒိုက်ကပြောပါတယ်။

ဟော်လန်အသင်းကို နည်းပြဗန်ဟားလ်စတင်ကိုင်တွယ်ချိန်ကစလို့ ၄-၃-၃ ကစားကွက်နဲ့အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ဒီလစ်၊ ဗန်ဒိုက်၊ နသန်အကီ တို့ရဲ့ခံစစ်သုံးယောက်တန်းနဲ့အတူ  ၃-၄-၁-၂ ကစားကွက်နဲ့ ကစားခဲ့တာဖြစ်ပါတယ်။

8 months Ago
Up