close

ဂတ်ပိုဟာ တောက်ပလာမည့် ကြယ်တပွင့် ဖြစ်လာလိမ့်မည်ဟု ဗန်ဟားလ် ချီးကျူး

ဟော်လန်လူငယ်တိုက်စစ်မှူး ဂတ်ပိုဟာ အနာဂတ်မှာ တောက်ပလာမယ့်ကြယ်တပွင့် ဖြစ်လာလိမ့်မယ်လို့ နည်းပြ ဗန်ဟားလ်က ချီးကျူးပါတယ်။

အသက် ၂၃ နှစ်ရှိ ဂတ်ပိုဟာ ဟော်လန်ရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ၁ ဂိုးစီသွင်းနိုင်ခဲ့ပြီး ဟော်လန်က အုပ်စုပထမနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ကိုဒီဂတ်ပိုဟာ ပီအက်စ်ဗွီအသင်းမှာတောင် နှစ်ရာသီ၊ သုံးရာသီပဲ ကစားရသေးလို့ ငယ်ရွယ်တဲ့ ကစားသမားဖြစ်ကြောင်း၊ စွမ်းဆောင်ရည်အပိုင်းမှာတော့ အရာအားလုံး ရှိနေတာကြောင့်  တောက်ပလာမယ့် ကြယ်တပွင့်ဖြစ်လာနိုင်ကြောင်း ဗန်ဟားလ်က ချီးကျူးပါတယ်။ 

ဟော်လန်နောက်ခံလူ ဗန်ဒိုက်နဲ့ တိုက်စစ်မှူး ဒီပိုင်းတို့ကလည်း အသင်းဖော် ဂတ်ပိုကို ချီးကျူးကြပါတယ်။

ဂတ်ပိုကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဟော်လန်အသင်းက ဝင်ပြိုင်ခွင့်မရခဲ့သလို သူ့အနေနဲ့လည်း ပရိသတ်တဦးအနေနဲ့သာ ကြည့်ရှုခဲ့ရကြောင်း၊ အုပ်စု ပထမရ ရှိခဲ့တာဟာ အသင်းသားတွေရဲ့ ခမ်းနားတဲ့စွမ်းဆောင်ရည် ဖြစ်ကြောင်း ဂတ်ပိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up