close

ဟွာဝေး

close

August 19, 2021

ဟွာဝေးဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်ကို အမေရိကန်သို့လွှဲပြောင်းရေး ကြားနာပွဲ ပြီးဆုံး

ဟွာဝေးတယ်လီကွန် လုပ်ငန်းစုကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် မုန့်ဝမ်ကျိုးကို တရားစီရင်ဖို့ အမေရိကန်နိုင်ငံဆီ လွှဲပေးရေး ကြားနာပွဲဟာ သြဂုတ် ၁၈ ရက်မှာ ပြီးဆုံးပြီ သူ့ အတွက် ခုခံလျှောက်လဲချက်တွေက ဥပဒေအရရော အချက်အလက်အရပါ ရှုံးနိမ့်ခဲ့တယ်လို့ ကနေဒါအစိုးရရှေ့နေ ရောဘတ် ဖရာတာက တရားရုံးမှာ ပြောလိုက်ပါတယ်။

 ဒီနိုင်ငံမှာ မုန့်ဝမ်ကျိုးထက် ပိုပြီး မျှတတဲ့ အမှုသည် လွှဲပေးရေး ကြားနာမှုမျိုးကို ဘယ်သူမှ မရဖူးသေးဘူးလို့ ဖရာတာက ပြောပါတယ်။

 ခုတော့ တရုတ်နည်းပညာလုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိဟာ အောက်တိုဘာ ၂၁ရက်မှာ သူ့ အမှုအတွက် တရားသူကြီး ဆုံးဖြတ်မှာကို စောင့်နေရပါတယ်။

 အသက် ၄၉ နှစ်အရွယ် မုန့်ဝမ်ကျိုးဟာ အမေရိကန်ရဲ့ ဖမ်းဝရမ်းကြောင့် ကနေဒါနိုင်ငံ ဗန်ကူးဗားနိုင်ငံတကာလေဆိပ်မှာ ၂၀၁၈ ဒီဇင်ဘာလက ဖမ်းဆီး ခံခဲ့ရပါတယ်။

သူ့ကို အီရန်နဲ့ ပတ်သက်တဲ့ ဟွာဝေးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံစုံ ရင်းနှီးမြှုပ်နှံရေးဘဏ် HSBC ကို မျက်စိလည်အောင်လုပ်မှုအတွက် လိမ်လည်မှုနဲ့ တရားစွဲ ထားပါတယ်။

 မုန့်ဝမ်ကျိုးကတော့ အပြစ်ကင်းတယ်လို့ အခိုင်အမာ ပြောရင်း ရာဇဝတ်သားအဖြစ် လွှဲပြောင်းခံရမယ့် ဘေးကနေ တိုက်ပွဲဝင် နေခဲ့တာပါ။

 တရားရင်ဆိုင်နေရချိန်မှာ သူ့ကို အာမခံနဲ့ ကနေဒါ နိုင်ငံထဲမှာ လွှတ်ထားပေးဖို့ သူ့ငွေနဲ့ ပုဂ္ဂလိက လုံခြုံရေးက အချိန်ပြည့် စောင့်ကြည့်တာကို ခံယူခဲ့ပါတယ်။

 ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် တရားရုံးချုပ်က တွဲဘက် တရားသူကြီးချုပ် ဟိသာ ဟုမ်းစ်က မုန့်ဝမ်ကျိုးရဲ့အမှုကို ကနေဒါမှာပဲ ဆက်ပြီး စီရင်စစ်ဆေးဖို့ သက်သေတွေက ခွင့်ပြုရဲ့ လားဆိုတာကို အခြေခံပြီး စဉ်းစားဆုံးဖြတ်ရမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

 တကယ်လို့ အမှုသည်ကို လွှဲပေးဖို့ ဆုံးဖြတ်ခဲ့ရင် အဆုံးသတ် ဆုံးဖြတ်ချက်ကို ကနေဒါ တရားရေး ဝန်ကြီးက ချမှတ်ရမှာပါ။ ဆုံးဖြတ်ချက် ၂ရပ်စလုံးကို မုန့်ဝမ်ကျိုးရဲ့ တရားရေးအဖွဲ့က အယူခံခွင့် ရှိနေပါတယ်။

1 month Ago

December 11, 2020

ဘာစီလိုနာတိုက်စစ်မှူး ဂရစ်မန်း ဟွာဝေးနှင့် လက်တွဲဖြုတ်

တရုတ်နိုင်ငံက ဝီဂါ မွတ်စလင်ကိစ္စနဲ့ ပတ်သက်ပြီး ဟွာဝေးကုမ္ပဏီနဲ့ လက်တွဲဖြုတ်လိုက်တယ် လို့ ဘာစီလိုနာတိုက်စစ်မှူး ဂရစ်မန်းက ပြောပါတယ်။  ပြင်သစ်ကစားသမား ဂရစ်မန်းဟာ ဟွာဝေးနည်းပညာကုမ္ပဏီနဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားတာပါ။  ဂရစ်မန်းအနေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ဝီဂါမွတ်စလင်လူနည်းစုတွေကို ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး လက်ခံနိုင်စရာ မရှိတာကြောင့် စပွန်စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။  ဂရစ်မန်းဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေလည်း ဟွာဝေးနဲ့ စာချုပ်ဖျက် သိမ်းကြောင်း စာရေးသားပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။  ဟွာဝေးကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတွေကို ချက်ခြင်း အဆုံးသတ်မယ်ဆိုတာ ကြေညာကြောင်း ဂရစ်မန်းက ရေးသားခဲ့တာပါ။  တရုတ်နိုင်ငံက လူနည်းစု ဝီဂါလူမျိုးတွေနဲ့ ပတ်သက်ပြီး ဂရစ်မန်းအပြင် အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ကလည်း ဝေဖန်ခဲ့ ဖူးပါတယ်။
10 months Ago
Up