close

အကောင်းဆုံးကစားသမားဆု

close

May 22, 2022

တနှစ်တာအကောင်းဆုံးကစားသမားဆုများကို မန်စီးတီးက ဒီဘရိုင်းနှင့် ဖိုဒမ်တို့ရရှိ

မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနဲ့ ဖိုဒမ်တို့ ၂ ဦးဟာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုတွေရရှိခဲ့ပါတယ်။ 

ဒီဘရိုင်းဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၁၅ ဂိုးသွင်းပြီး ၇ ကြိမ် ဂိုးဖန်တီးမူပြုလုပ်နိုင်ခဲ့တာပါ။ လီဗာပူးတိုက်စစ်မှူးဆာလက်၊ စပါးက ဆွန်ဟောင်မင် တို့ကို ကျော်ဖြတ်ပြီး ဒီဘရိုင်းက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။ 

ဒီဘရိုင်းကတော့ ဒုတိယအကြိမ်ရရှိခဲ့တာက ဂုဏ်ယူစရာ ကောင်းတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။  ဒီဘရိုင်းဟာ သီယာရီအွန်နရီ၊ စီရော်နယ်ဒိုနဲ့ ဗီဒစ်တို့လိုပဲ တနှစ်တာ အကောင်းဆုံးဆုကို တကြိမ်ထက်ပိုပြီး ရယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လူငယ် အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဖိုဒမ်ကတော့ ၂ နှစ်ဆက်တိုက်ရ ရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဆုရွေးချယ်ရာမှာ ပရီမီးယား လိဂ်တရားဝင်ဝက်ဘ်ဆိုဒ်မှာ ပရိသတ်တွေက မဲပေးခဲ့တဲ့အရေ အတွက်၊ အသင်း ၂ဝ က အသင်းခေါင်းဆောင်တွေရဲ့ မဲပေးမှုတွေပါဝင်ပြီး ဘောလုံးကျွမ်းကျင်သူ ဒိုင်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

4 mins Ago

April 6, 2022

လိဂ်ပွဲစဉ်တပွဲသာကစားခဲ့သည့် စီရော်နယ်ဒို မန်ယူအသင်း၏ ၁ လတာ အကောင်းဆုံးဆုရ

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မတ်လအတွင်းမှာ လိဂ်ပွဲစဉ်တပွဲသာ ကစားခဲ့ရပေမယ့် အသင်းရဲ့ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ မတ်လအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အနေနဲ့ စပါးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်တစ်ပွဲသာ  ကစားခဲ့ရတာပါ။ 

အဲဒီပွဲစဉ်မှာ ဟက်ရစ်သုံးဂိုးသွင်းခဲ့ပြီး အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါ။ 

စီရော်နယ်ဒိုဟာ မတ်လအတွင်းမှာ ပြိုင်ပွဲစုံ ၂ ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အက်သ လက်တီကို အသင်းနဲ့ ပွဲစဉ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ မတ်လအတွင်းမှာ လိဂ်ပွဲစဉ် ၂ ပွဲကစားခဲ့ပြီး စပါးနဲ့ပွဲမတိုင်ခင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဆုရရှိအောင် မဲပေးရွေးချယ်ခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်တွေကို ကျေးဇူးတင်ရှိပြီး ဒီဆုက ရာသီကုန်အထိ ရှေ့ဆက်လျှောက်ဖို့အတွက် အားအင်တခုဖြစ်စေတယ်လို့ စီရော်နယ်ဒိုက ဆုလက်ခံရယူအပြီးမှာ ပြောသွားပါတယ်။ ဒီဆုဟာ ရော်နယ်ဒိုအတွက် ၃ ကြိမ်မြောက်ရရှိခဲ့တာ ဖြစ်ပါတယ်။

2 months Ago
Up