close

အကောင်းဆုံးနည်းပြ

close

January 27, 2023

အာတီတာကြောင့် အကောင်းဆုံးနည်းပြ တဦးဖြစ်လာဟု ဂွါဒီယိုလာပြော

အာဆင်နယ်အသင်းနည်းပြ အာတီတာကြောင့် အကောင်းဆုံးနည်းပြတဦး ဖြစ်လာခဲ့တာလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

နည်းပြအာတီတာဟာ မန်စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဂွါဒီယိုလာနဲ့ သုံးနှစ်ကြာ အတူအလုပ်လုပ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အာဆင်နယ်နည်းပြအဖြစ် အောင်မြင်မှုရနေတဲ့ အာတီတာကို ဂွါဒီယိုလာက ချီးကျူးခဲ့တာပါ။

“သူ့ရဲ့အမြင်မှာ ကျနော်ကဘယ်လိုလဲတော့မသိပေမဲ့ ကျနော့်အပေါ်မှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြီးမားပါတယ်။ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်လာဖို့ သူကအလွန်အရေးပါခဲ့တယ်။ ကျနော်ဒီအသင်းကနေ ထွက်ခွာသွားရင် မီခေးလ်က ဒီနေရာရောက်လာပြီး အကောင်းဆုံးနည်းပြ ဖြစ်လာမှာသေချာပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဇန်နဝါရီ ၂၈ ရက်မှာ မနက် ၂ နာရီခွဲမှာ အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

12 mins Ago

March 10, 2022

အကောင်းဆုံး ဒိန်းမတ်နည်းပြဆု ဆန်ခါတင်စာရင်းတွင် ဘရန့်ဖို့ဒ်အသင်းနည်းပြ ပါဝင်

၂၀၂၁ ခုနှစ် အကောင်းဆုံး ဒိန်းမတ်နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ် ပါဝင်နေပါတယ်။
သောမတ်စ်ဖရန့်ခ်ဟာ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဒိန်းမတ်နည်းပြဆုကို ရရှိခဲ့သူဖြစ်ပြီး အခု ၂၀၂၁ ခုနှစ်အတွက်လည်း နောက်ဆုံးဆန်ခါတင် ၄ ဦး စာရင်းမှာလည်း လက်ရွေးစင်အသင်းနည်းပြ ဟျူးမန်းနဲ့အတူ ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီဆုကို ဆန္ဒမဲစနစ်နဲ့ ရွေးချယ်တာဖြစ်ပြီး အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရသူကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ကြေညာဖွယ်ရှိနေပါတယ်။

11 months Ago
Up