ချဲလ်ဆီးအသင်းအတွက် တစ်ကြိမ်မှမရဖူးသေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူပေးကြဖို့ အသင်းခေါင်းဆောင်အက်ဇ်ပီလီကွယ်တာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ သူတို့ အသင်းသမိုင်းမှာ ဆုဖလားအားလုံးရယူထားခဲ့ဖူးပေမဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆုတစ်ခုပဲ ရယူနိုင်ခြင်းမရှိသေးတာပါ။
၂၀၁၂ ခုနှစ်က ဗိုလ်လုပွဲတက်ခဲ့ဖူးပေမဲ့ ဘရာဇီးကလပ်ကိုရင်တီယန်ကို ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့လို့ ဆုဖလားလက်လွှတ်ခဲ့ရဖူးပါတယ်။
အဲဒီအချိန်ကပါဝင်ကစားခဲ့တဲ့ နောက်ခံလူ အက်ဇ်ပီလီကွယ်တာကတော့ ဒီတစ်ကြိမ်မှာ ထပ်ပြီး လက်မလွှတ်ရဖို့အတွက် သေချာအာရုံစိုက်ပြီး ကစားကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အနေနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ ဒီကနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။
“ကျနော်တို့ အခွင့်အရေးတစ်ခုကို ဒီတစ်ကြိမ်လက်လွှတ်လို့မဖြစ်ပါဘူး။ ၂၀၁၂ ခုနှစ်က အရူံးက အများကြီးနာကျင်ခံစားခဲ့ရတယ်။ ဒီဖလားက ကျနော်တို့အသင်းမရဖူးသေးတဲ့ တစ်ခုတည်းသော ဖလားဖြစ်တယ်။ အဲဒီအတွက် ဒီဖလားကို ပထမဆုံးအကြိမ် ရယူနိုင်မယ်ဆိုရင် အသင်းအတွက် အများကြီးဂုဏ်ရှိသွားမယ်။” အက်ဇ်ပီလီကွယ်တာကပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အယ်ဟီလာကို အနိုင်ရရှိမယ်ဆိုရင် အီဂျစ်ကလပ် အယ်အာလီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးချန်ပီယံ ပါးမီးယားရက်စ်အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပါတယ်။
အီတလီကွင်းလယ်လူ ယော်ဂင်ညိုကို ထိန်းချုပ်နိုင်ပါက စပိန်အသင်း ဗိုလ်လုပွဲတက်ရောက်နိုင်လိမ့်မယ်လို့ စပိန်နောက်ခံလူ အက်ဇ်ပီလီကွယ်တာက ပြောပါတယ်။
ယော်ဂင်ညိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ဟာ ချဲလ်ဆီးအသင်းဖော်တွေဖြစ်ကြပြီး ချန်ပီယံလိဂ်ဆုဖလားရယူရာမှာ အတူခြေစွမ်းပြခဲ့ပါတယ်။
အီတလီနဲ့ စပိန်အသင်းတို့က ယူရိုဆီမီးဖိုင်နယ်မှာ တွေ့ဆုံချိန်မှာတော့ ကလပ်အသင်းဖော် ၂ ဦးက ပြိုင်ဘက်အနေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အက်ဇ်ပီလီကွယ်တာက “ကျနော်တို့ ၂ ယောက်လုံးက နိုင်ငံ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားကြမှာပါ။ ယောင်ဂင်ညိုက အီတလီအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာ သက်သေပြသထားပြီးသားပါ။ သူ့မှာ အရေးပါတဲ့အရည်အချင်း ကောင်းတွေရှိတယ်။ ဘောလုံးကို သူ့ခြေထဲမှာ ကောင်းကောင်းထိန်းနိုင်ပြီး ပွဲကို ထိန်းချုပ်ရာမှာ လည်း ထူးချွန်တယ်။ သူ့ရဲ့လူပ်ရှားမှုတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဗိုလ်လုပွဲတက်ဖို့ပိုပြီး အခွင့်အရေးကောင်းလာမှာဖြစ်ပါတယ်” လို့ အက်ဇ်ပီလီကွယ်တာက သုံးသပ်ခဲ့ပါတယ်။