ယော်ဂင်ညိုကို ထိန်းချုပ်နိုင်လျှင် စပိန်အသင်း ဗိုလ်လုပွဲတက်နိုင်ဟု အက်ဇ်ပီလီကွယ်တာပြော

အီတလီကွင်းလယ်လူ ယော်ဂင်ညိုကို ထိန်းချုပ်နိုင်ပါက စပိန်အသင်း ဗိုလ်လုပွဲတက်ရောက်နိုင်လိမ့်မယ်လို့ စပိန်နောက်ခံလူ အက်ဇ်ပီလီကွယ်တာက ပြောပါတယ်။
ယော်ဂင်ညိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ဟာ ချဲလ်ဆီးအသင်းဖော်တွေဖြစ်ကြပြီး ချန်ပီယံလိဂ်ဆုဖလားရယူရာမှာ အတူခြေစွမ်းပြခဲ့ပါတယ်။
အီတလီနဲ့ စပိန်အသင်းတို့က ယူရိုဆီမီးဖိုင်နယ်မှာ တွေ့ဆုံချိန်မှာတော့ ကလပ်အသင်းဖော် ၂ ဦးက ပြိုင်ဘက်အနေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အက်ဇ်ပီလီကွယ်တာက “ကျနော်တို့ ၂ ယောက်လုံးက နိုင်ငံ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားကြမှာပါ။ ယောင်ဂင်ညိုက အီတလီအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာ သက်သေပြသထားပြီးသားပါ။ သူ့မှာ အရေးပါတဲ့အရည်အချင်း ကောင်းတွေရှိတယ်။ ဘောလုံးကို သူ့ခြေထဲမှာ ကောင်းကောင်းထိန်းနိုင်ပြီး ပွဲကို ထိန်းချုပ်ရာမှာ လည်း ထူးချွန်တယ်။ သူ့ရဲ့လူပ်ရှားမှုတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဗိုလ်လုပွဲတက်ဖို့ပိုပြီး အခွင့်အရေးကောင်းလာမှာဖြစ်ပါတယ်” လို့ အက်ဇ်ပီလီကွယ်တာက သုံးသပ်ခဲ့ပါတယ်။