close

အက်ဖ်အေဗိုလ်လုပွဲ

close

April 24, 2023

မန်စီးတီးနှင့်တွေ့မည့် အက်ဖ်အေဗိုလ်လုပွဲက ခမ်းနားကြီးကျယ်သည့်ပွဲဖြစ်လာမည်ဟု မန်ယူနည်းပြပြော

မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲဟာ ခမ်းနားကြီးကျယ်တဲ့ပွဲစဉ်ဖြစ်လာလိမ့် မယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ ဒီမနက်အစောပိုင်းကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။

မန်စီးတီးကတော့ စနေနေ့ကတည်းက ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကနေ စောင့်ကြိုနေခဲ့တာပါ။

နည်းပြအဲရစ်တန်ဟတ်ဂ်ကတော့ မန်စီးတီးနဲ့ ဗိုလ်လုပွဲစဉ်က ခမ်းနားကြီးကျယ်တဲ့ပွဲကြီးပွဲ ကောင်းဖြစ်လာမှာဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင် တခြားပွဲစဉ်တွေကို အရင်ဦးဆုံးအာရုံစိုက်သွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

မန်ယူအသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲကို ဇွန်လ ၃ ရက်မှာ ကစားရမှာ ဖြစ်ပြီး အဲဒီဗိုလ်လုပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ကစားသွားရမှာပါ။

လာမယ့် ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း အရေးပါကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်ကပြောသွားပါတယ်။ 

7 mins Ago

July 29, 2020

ဝီလီယံ အနာဂတ်ကို အက်ဖ်အေဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်မည်

ချဲလ်ဆီး ကစားသမား ဝီလီယံဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ  ဆုံးဖြတ်မယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။  ဝီလီယံဟာ ပြီးခဲ့တဲ့ဇွန်လက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ရာသီကုန်အထိ ကာလတိုစာချုပ် ချုပ်ဆိုခဲ့တာပါ။  အသင်းနဲ့ ၃ နှစ်သက်တမ်းတိုးဖို့ ဆန္ဒရှိပေမယ့် အသင်းဘက်က ၂ နှစ်သာ သက်တမ်းတိုး လိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အာဆင်နယ်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အပြီးမှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ဂျော်ရက်ဘ်ချီယန်က ပြောပါတယ်။ ဝီလီယံကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ၅ ခု ရရှိထားပြီး အမေရိကန် မေဂျာလိဂ်ကလပ် ၁ သင်း၊ ပရီးမီးယားလိဂ်ကလပ် ၂ သင်းနဲ့ တခြားဥရောပအသင်း ၂ သင်းလည်း ပါဝင်တယ်လို့ ဝီလီယံရဲ့အေးဂျင့်ဖြစ်သူ ရက်ဘ်ချီယန်က အတည်ပြုပါတယ်။ ချဲလ်ဆီးအသင်းဟာ အေဂျက်ဇ်က ဇီယက်ချ်နဲ့ လိုက်ဇစ်က တီမိုဝါနာတို့ကို ခေါ်ယူထားပြီး ဖြစ်လို့ ဝီလီယံကို လက်လွှတ်လိုက်ဖို့ ရှိနေပါတယ်။
3 years Ago
Up