မန်စီးတီးနှင့်တွေ့မည့် အက်ဖ်အေဗိုလ်လုပွဲက ခမ်းနားကြီးကျယ်သည့်ပွဲဖြစ်လာမည်ဟု မန်ယူနည်းပြပြော

မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲဟာ ခမ်းနားကြီးကျယ်တဲ့ပွဲစဉ်ဖြစ်လာလိမ့် မယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဒီမနက်အစောပိုင်းကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။
မန်စီးတီးကတော့ စနေနေ့ကတည်းက ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကနေ စောင့်ကြိုနေခဲ့တာပါ။
နည်းပြအဲရစ်တန်ဟတ်ဂ်ကတော့ မန်စီးတီးနဲ့ ဗိုလ်လုပွဲစဉ်က ခမ်းနားကြီးကျယ်တဲ့ပွဲကြီးပွဲ ကောင်းဖြစ်လာမှာဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင် တခြားပွဲစဉ်တွေကို အရင်ဦးဆုံးအာရုံစိုက်သွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။
မန်ယူအသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲကို ဇွန်လ ၃ ရက်မှာ ကစားရမှာ ဖြစ်ပြီး အဲဒီဗိုလ်လုပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ကစားသွားရမှာပါ။
လာမယ့် ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း အရေးပါကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်ကပြောသွားပါတယ်။