မက်ဆီနဲ့ရော်နယ်ဒိုတို့ စပိန်လာလီဂါဆီပြန်လာမယ်ဆိုရင် နှစ်သက်စရာဖြစ်လိမ့်မယ်လို့ အက်သလက်တီကိုအကြီးအကဲ အင်းနရစ်ဆာရီဇိုက ပြောပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပဲရစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းဟောင်းဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေတာပါ။
ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေ ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုထားတာပါ။
လာလီဂါဆီကို မက်ဆီပြန်လာဖို့ကနီးစပ်ပေမဲ့ ရော်နယ်ဒိုပြန်လာဖို့က အဆင်မပြေဖြစ်နိုင်ပေမဲ့လည်း သူတို့နှစ်ဦးစလုံး လာလီဂါဆီပြန်လာမယ်ဆိုရင် အလွန်နှစ်သက်စရာ ကောင်းလိမ့်မယ်လို့ ဆာရီဇိုကပြောခဲ့တာပါ။
မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ လာလီဂါမှာ ၉ ရာသီကြာ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းမှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ်။
ပြင်သစ်သတင်းစာL’Equipe ရဲ့ လေ့လာချက်အရ ကမ္ဘာ့လုပ်ခအများဆုံးနည်းပြစာရင်းမှာ ဆီမြွန်နီက တစ်ပတ်လုပ်ခ ပေါင် ၅၇၀၀၀၀ ကျော်ရရှိနေတာပါ။
ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အများဆုံးလုပ်ခရရှိနေတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက်တောင် ပိုမိုများပြားနေတာဖြစ်ပြီး ဂွာဒီယိုလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀ ကျော်ရရှိတာပါ။
အဲဒီနောက် လီဗာပူးနည်းပြယာဂန်ကလော့ပ်က တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ကျော်နဲ့ တတိယနေရာမှာရပ်တည်နေပြီး ပေါင် ၂၂၀၀၀၀ ကျော်ရရှိနေတဲ့ ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက နံပါတ်လေးနေရာမှာရပ်တည်နေပါတယ်။
အဲဒီနောက်မှာ ဂျူဗင်တပ်နည်းပြ မက်အယ်လီဂရီ၊ ရီးရဲလ်နည်းပြ အန်စလော့တီ၊ အင်တာနည်းပြ အင်ဇာဂီ၊ ရိုးမားနည်းပြ မော်ရင်ညို၊ လီဗာကူဆင်နည်းပြ အလွန်ဆိုတို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။