တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်အတွင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ မခင်ကေခိုင်ဟာ ဝမ်းဗိုက် ကျည်ဆန်ထိမှန်ထားတဲ့ ဒဏ်ရာကြောင့် အရေးပေါ်ဆေးကုသခွင့် အရေးတကြီးလိုအပ်နေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)ထံကနေ သိရပါတယ်။
မခင်ကေခိုင်ဟာ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာအတွင်းသို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ဝမ်းဗိုက်ကျည်ဆန် ထိမှန်ကာ အဖမ်းခံခဲ့ရသူ ဖြစ်ပါတယ်။
အဖမ်းခံရပြီးနောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးနဲ့ ထားဝယ် စစ်ဆေးရုံတို့မှာ ဆေးကုသမှုခံယူခဲ့ရပြီး သည်းခြေအိတ်၊ အစာအိမ်၊ အဆုတ်တို့နဲ့ပတ်သက်ပြီး ကုသမှုခံယူထားသူဖြစ်တယ်လို့ သူနဲ့ နီးစပ်သူထံက သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် မခင်ကေခိုင်ဟာ သာမာန် ဥယျာဥ်ခြံအလုပ်သမတစ်ဦးဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေပြီး သူ့ကို ပုဒ်မ ၅၀၅ (က) ၊ ၅၂(က) တို့နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသမှုလိုအပ်နေတဲ့ အကျဥ်းသား/သူ ၃ ယောက်လောက်ရှိနေပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)ကတော့ မခင်ကေခိုင်အပါအဝင် အကျဥ်းသား/သူများအား လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရရှိအောင် စီစဥ်ဆောင်ရွက်ပေးဖို့ ထားဝယ်အကျဥ်းထောင် အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ စက်တင်ဘာလကတည်းက ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းဖို့ စစ်ကောင်စီတပ်သားတွေက အဝင်အထွက်လမ်းတွေ ပိတ်ဆို့ထားလို့ ဒေသခံပြည်သူတွေ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေပါတယ်။
အပြစ်ကျတရားခံ အမျိုးသမီး တစ်ဦးကို အိုးဘိုထောင်သို့ ပို့ဆောင်ဖို့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ positive ထွက်ခဲ့ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ တရားခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ထပ်စစ်တဲ့အခါ ရဲမေတစ်ဦးမှာ positive ထွက်ခဲ့ဖြစ်ပါတယ်။
လက်ရှိမှာ ပိုးတွေ့အကျဉ်းသူကို မင်းစုရဲစခန်း သီးသန့်အချုပ်ခန်းသို့ ပို့ဆောင်ထားပြီး ရဲမေကိုတော့ ကျောက်ဆည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေတယ်လို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီဝင် ဆရာဝန်တစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ Positive လူနာ နှစ်ဦးတွေ့ပြီးနောက် ကျောက်ဆည်ရဲစခန်းတစ်ခုလုံးကို Rescue ကျောက်ဆည်ပရဟိတအသင်းက ပိုးသတ်ဆေးဖြန်းထားတယ်လို့ သိရပါတယ်။
အခုဆိုရင်ကျောက်ဆည်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ အတည်ပြုလူနာပေါင်း ၃၉ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
သတင်း- နွေလှိုင်း(YU)၊ ဓာတ်ပုံ- Rescue Kyaukse