close

အချိန်လိုအပ်

close

January 21, 2023

ကစားသမားသစ်မူဒရစ်ခ် အသင်းနှင့်အံဝင်ရန် အချိန်လိုအပ်နိုင်ဟု နည်းပြပေါ်တာ သုံးသပ်

ကစားသမားသစ်မူဒရစ်ခ်ဟာ အသင်းနဲ့ အံဝင်ဖို့ အချိန်လိုအပ်နိုင်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ဟာ ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ကနေ ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ လိဂ်ပြိုင်ပွဲဖြစ်တာကြောင့် မူဒရစ်ခ်အနေနဲ့ အချိန်တစ်ခုလိုအပ်မှာကို အားလုံးကနားလည်း လက်ခံထားပြီး ကူညီပေးသွားရမှာဖြစ်ကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

မူဒရစ်ခ်ဟာ အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားဖြစ်ပေမဲ့ အတွေ့အကြုံရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားလို့လည်း ဂရေဟမ်ပေါ်တာ ချီးကျူးပါတယ်။

ပွဲမကစားရတာကြာပြီဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်စွာလုပ်နိုင်ခဲ့လို့ လီဗာပူးနဲ့ပွဲမှာ ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်းလည်းပေါ်တာက ဆိုပါတယ်။

မူဒရစ်ခ်ဟာ  ရှက်တာဒိုးနက်စ်နဲ့ နိုဝင်ဘာ ၂၃ ရက်မှာကစားခဲ့ပြီးနောက် ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ထပ်မကစားဖြစ်သေးပါဘူး။ 

7 mins Ago

May 18, 2020

ကစားသမားများ ကြံ့ခိုင်ရေးအပြည့်အဝရှိရန် အချိန်လိုအပ်နေသေးဟု နယူးကာဆယ်နည်းပြပြော

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ကစားသမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ကစားပေးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှု ထားရှိသွားမယ်လို့ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က ပြောပါတယ်။  အဆင်သင့်မဖြစ်သေးခင် ကစားဖို့တောင်းဆိုမှု ရှိလာမယ်ဆိုရင် ဒီဆုံးဖြတ်ချက်အပေါ် တုံ့ပြန်သွားမယ်လို့ ဝီလီယမ်၊ အဂွေရို၊ ဒီနေးနဲ့ ဒန်နီရို့စ်တို့လို ကစားသမားတွေက ပြောဆိုထား ပါတယ်။  ဒီလိုအခြေအနေမှာ ဘရုစ်က ဝတ်ဖို့ဒ်အသင်းနည်းပြ နီဂယ်ပီယာဆန်နည်းတူ ကစားသမားတွေအနေနဲ့ အကန့်အသတ်နဲ့ လေ့ကျင့်ရေးပြုလုပ်ရမယ့်အခြေအနေအပေါ် တုံ့ပြန်လာနိုင်မှုကို ထုတ်ဖော်ပြောဆိုလာတာပါ။ “အလုပ်တွေပြန်လုပ်ဖို့ အဆင့်တစ်ကို စတင်ဖို့လုပ်ချိန်မှာ ကျနော်တို့အပေါ်ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကြိုတင်ကာကွယ်မှု နည်းလမ်းတွေကို ပြန်ကြည့်သွားမှာပါ။ အဆင့်တစ်က ကစားသမား လေး၊ ငါးယောက်လောက်ကို ကွင်းထဲထည့်ပြီး ကြံ့ခိုင်ရေးကို အဓိကထား စောင့်ကြည့်မယ့်အခြေအနေဖြစ်ပါတယ်”  လို့ နယူးကာဆယ်နည်းပြကပြောပါတယ်။  ကစားသမားအားလုံး ကြံ့ခိုင်ရေးအပြည့်အဝရှိနေစေဖို့ အချိန်လိုအပ်နေသေးပြီး ကိုဗစ် - ၁၉ ရောဂါနဲ့  ပတ်သက်လို့ ဘယ်လိုအခြေအနေမျိုးပဲရှိသည်ဖြစ်စေ ဘောလုံးကစားပွဲတွေကို အစောဆုံးအနေနဲ့ ဇွန်လ နောက်ပိုင်းမှသာ ပြန်လည်စတင်သင့်တယ်လို့လည်း သူက ထပ်ပြောပါတယ်။ ကစားသမားတွေကို လုံလောက်တဲ့ ကြံ့ခိုင်မှုရဖို့ အချိန်မပေးပါက အလွယ်တကူ ပြိုလဲသွားနိုင်ကြောင်း၊ တခြားမန်နေဂျာတွေလည်း အခုလို စိုးရိမ်နေကြပြီး ဇွန်လကုန်ပိုင်းထက်စောပြီး ဘောလုံးပွဲတွေ စတင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ စတိဗ်ဘရုစ်က ထပ်မံပြောဆိုပါတယ်။ “ကစားသမားတွေ ကွင်းထဲကိုဝင်ဖို့၊ ကစားဖို့ငြင်းဆန်မယ်ဆိုရင် သူတို့ကို ကိုယ်ချင်းစာပြီး တော့ ဒါကိုနားလည်မှုပေးသွားမှာဖြစ်ပါတယ်။ ကျနော့်ကစားသမားအများစုကလည်း ဒီအနေအ ထားကို  သဘောကျကြပါတယ်။ ခင်ဗျားအနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ထင်မြင်ယူဆ ချက်ကို လေးစားပေးရပါမယ်။”   
3 years Ago
Up