close

အခြေခံစစ်ပညာ

close

January 24, 2023

ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းများ၏ ဇနီးများအား အခြေခံစစ်သင်တန်း ထပ်ပေး

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲပြီးနောက် ရခိုင်ပြည်နယ် မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကို အခြေခံစစ်သင်တန်း ထပ်ပေးနေတယ်လို့ ရဲဝန်ထမ်းမိသားစုတွေဆီက သိရပါတယ်။

မောင်တောမြို့မှ ရဲဝန်ထမ်းဇနီးတဦးက “ကျမတို့ ၂၀၂၀ မှာတကြိမ် စစ်သင်တန်း တက်ခဲ့ကြရတယ်။ အခု ၂၀၂၃ မှာ ပြန်တက်လာရတာ။ အခြေခံသင်တန်းကိုတော့ ရဲတပ်ရင်းတွေမှာ သင်ရတယ်။ သေနတ်ပစ်တာကျတော့ ဘူးသီးတောင်တပ်ရင်းတွေက စက်ပစ်ကွင်းမှာ သွားပစ်ရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းဇနီးတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ အခြေခံစစ်သင်တန်း ပို့ချပေးကြောင်း ရဲမိသားစုဝင်တွေဆီက သိရပါတယ်။

အခြေခံစစ်သင်တန်းမှာ စစ်ရေးပြသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းတွေကို မွန်းမံသင်တန်းတွေအဖြစ် ထည့်သွင်းကာ လေ့ကျင့်ပေးနေကြောင်း မြေပုံမြို့နယ်ရှိ ရဲဝန်ထမ်း ဇနီးတဦးက ဆိုပါတယ်။

“ကျမတို့ မြေပုံမြို့နယ်မှာ ထူးချေကျေးရွာအုပ်စုက ကိုင်းတောချေတောင်တန်းမှာ သင်တန်းဖွင့်လှစ် သင်ကြားခဲ့တယ်။ အခြေခံစစ်ရေးပြသင်တန်းနဲ့ မွမ်းမံလက်နက်ငယ်ပစ် သင်တန်းတွေပါ တက်ရောက်ခဲ့ကြရတယ်။”

ရခိုင်ဒေသမှာ ရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို ၂၀၂၀ ပြည့်နှစ်မှာ တကြိမ် အခြေခံစစ်သင်တန်းပေးခဲ့ပြီး ရက္ခိုင့်တပ်တော် (အေအေ) စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ သင်တန်းပေးတာကို ရပ်ထားခဲ့တာပါ။

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကစပြီး နှစ်ဖက် နာလည်မှုနဲ့ အပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးမှာ ဇန်နဝါရီ ၉ ရက်ကနေ ၂၀ ရက်နေ့အထိ ၂ ပတ်ကြာ အခြေခံစစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

2 mins Ago

June 19, 2022

ရေစကြို ပကဖ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၁၃ သင်တန်းဆင်းပွဲပြုလုပ်

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇွန် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို)က အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၁၃ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ရဲ့ လူထုခေါင်းဆောင်က စစ်(...)တွေ မတရားဖမ်းဆီးခံထားရာကနေ မလွတ်မြောက်သေးဘူး။ လူထုခေါင်းဆောင်ရဲ့ လမ်းစဥ်၊ လမ်းညွှန်ချက်နဲ့အညီ လွတ်မြောက်ဖို့ အကြောက်တရား မရှိတဲ့ခေတ်ကိုရောက်ဖို့ တော်လှန်ရေးဆင်နွှဲနေတာပါ။ ကျနော်တို့ကလည်း  လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားတာကို ပြသတဲ့အနေနဲ့ သူ့မွေးနေ့မှာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပေးတာ” လို့ ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီသင်တန်းကို သင်တန်းသား ၉၅ ယောက်နဲ့ သင်တန်းသူ ၅ ယောက် တက်ရောက်ခဲ့ပြီး သင်းတန်းကာလကတော့ ၁၁ ရက် အခြေခံစစ်ပညာ သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

ရက်တိုသင်တန်းဆိုပေမယ့် သေနတ်တလက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပစ်ခတ်တိုက်ခိုက်နိုင်အောင် သင်ကြားပို့ချပေးခဲ့ပြီး နောက်ပိုင်းမှာလည်း မွမ်းမံ သင်တန်းတွေ ထပ်မံပို့ချပေးသွားမယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် ပ.က.ဖ အနေနဲ့ ရှေ့ဆက်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးအတွက် တော်လှန်ရေးရဲဘော်တွေ ဆက်လက်မွေးထုတ်ပေးမှာဖြစ်သလို ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

7 months Ago
Up