close

အင်တာမီယာမီအသင်း

close

May 18, 2022

အင်တာမီယာမီနဲ့ အကြိုသဘောတူညီမှု ရယူထားခြင်းမရှိဟု မက်ဆီ၏အေးဂျင့် ရှင်းလင်း

မက်ဆီအနေနဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မက်ဆီရဲ့အေးဂျင့်က ဖြေရှင်းသွားပါတယ်။

မက်ဆီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

အဲဒီသတင်းအပေါ်မှာ မက်ဆီရဲ့ အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်သူ ဂျော့က ငြင်းဆိုသွားခဲ့ပြီး အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း ဖြေရှင်းသွားခဲ့တာပါ။

“လီယိုက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူး” လို့ အေးဂျင့်က ပြင်သစ်သတင်းဌာန TMZ Sports ကနေ ပြန်လည်ရှင်းလင်းခဲ့တာပါ။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ကာတာနိုင်ငံမှာ လေ့ကျင့်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ်က မီယာမီအသင်းပိုင်ရှင်တဦးဖြစ်သူ ဒေးဗစ်ဘက်ခမ်းနဲ့ စကားလက်ဆုံ ကျခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

11 mins Ago

February 26, 2020

ကြယ်ပွင့်ကစားသမားများ ခေါ်နိုင်မည်မဟုတ်ဟု အင်တာမီယာမီအသင်းပိုင်ရှင် ဘက်ခမ်းပြော

အမေရိကန် မေဂျာလိဂ်မှာ အသစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်တာမီယာမီအသင်းဟာ လာမယ့် နွေရာသီမတိုင်ခင်ထိ ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူနိုင်ဦးမှာ မဟုတ်ဘူးလို့ ဒေးဗစ်ဘက်ခမ်းက ပြောပါတယ်။ အင်တာမီယာမီအသင်းဟာ အခုတပတ်အတွင်း မေဂျာလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီးတော့ လော့စ်အိန်ဂျလိစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။  ဒေးဗစ်ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကို ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ကစားသမားဘက်က ပြင်သစ်ကလပ်မှာ ရာသီကုန်ထိ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အင်တာမီယာမီအသင်းရဲ့ တွဲဖက်ပိုင်ရှင်နဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ အသင်းအတွက် ကြယ်ပွင့်ကစားသမားတွေ အများအပြား ခေါ်ယူဖို့ ပြင်ဆင်နေပြီးတော့ အချိန်တိုတွင်းမှာ အောင်မြင်မှုရရှိနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ တချိန်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ယောက်လုံးကို ခေါ်ယူနိုင်တယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။
2 years Ago
Up