အင်တာမီယာမီနဲ့ အကြိုသဘောတူညီမှု ရယူထားခြင်းမရှိဟု မက်ဆီ၏အေးဂျင့် ရှင်းလင်း

မက်ဆီအနေနဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မက်ဆီရဲ့အေးဂျင့်က ဖြေရှင်းသွားပါတယ်။
မက်ဆီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
အဲဒီသတင်းအပေါ်မှာ မက်ဆီရဲ့ အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်သူ ဂျော့က ငြင်းဆိုသွားခဲ့ပြီး အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း ဖြေရှင်းသွားခဲ့တာပါ။
“လီယိုက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူး” လို့ အေးဂျင့်က ပြင်သစ်သတင်းဌာန TMZ Sports ကနေ ပြန်လည်ရှင်းလင်းခဲ့တာပါ။
မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ကာတာနိုင်ငံမှာ လေ့ကျင့်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ်က မီယာမီအသင်းပိုင်ရှင်တဦးဖြစ်သူ ဒေးဗစ်ဘက်ခမ်းနဲ့ စကားလက်ဆုံ ကျခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။