close

အင်ဒိုနီးရှား

close

May 10, 2023

စင်ကာပူသို့ အင်ဒိုနီးရှားဝက်သား ပြန်လည်တင်ပို့ခွင့်ရရန် တစ်နှစ်ခန့်ကြာနိုင်

အင်ဒိုနီးရှားနိုင်ငံ ပူလွန်ဘူလန်ကျွန်းကနေ စင်ကာပူနိုင်ငံသို့ ဝက်သားထုတ်လုပ်တင်ပို့ရောင်းချမှု ပြန်လည်စတင်ဖို့ ၁ နှစ်လောက် ကြာနိုင်ကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ SFA က မေလ ၉ ရက်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့လက တချို့ဝက်တွေမှာ အာဖရိကဝက်အပြင်းဖျားရာဂါ ASF ဖြစ်ပွားတာကို တွေ့ရှိပြီးနောက် စင်ကာပူဟာ အင်ဒိုနီးရှားကျွန်းမှ ဝက်သားတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)က ပူလွန်ဘူလန်က မွေးမြူရေးခြံတစ်ခြံမှာ ASFဖြစ်ပွားခဲ့တယ်လို့မေလ ၉ရက်နေ့က အတည်ပြုပြောကြားပါတယ်။

ဒီလိုအစားအသောက်ထောက်ပံ့မှု ပြတ်တောက်တာတွေက အခါအားလျော်စွာဖြစ်တတ်ပါတယ်၊ သွင်းကုန်အရင်းအမြစ်တွေကို မတူကွဲပြားအောင်လုပ်မှာဖြစ်ပြီး အစားအစာ ခံနိုင်ရည်အားတောင့်တင်းဖို့အတွက် စက်မှုလုပ်ငန်းနဲ့ ဆက်လက်လုပ်ကိုင်သွားမှာပါ"လို့ SFA ကပြောပါတယ်။

စင်ကာပူရှိအသားကုန်သည်များ အသင်းဥက္ကဌ အယ်လ်ဗင်ကွီကလည်း "ဝက်သားအတွက် ထောက်ပံ့မှုပြတ်တောက်သွားမယ်ဆိုရင် လပေါင်းများစွာ အေးခဲထားတဲ့ဝက်သား စတော့တွေ အလုံအလောက်ရှိနေတယ်"လို့ သူကဆိုပါတယ်။

SFAက စားသုံးသူတွေကို ပရိုတင်းအစားထိုးအခြား အရာတွေ ရွေးချယ်ဖို့ အကြံပေးတိုက်တွန်းထားပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူတွေအတွက် အန္တရာယ်မရှိပေမဲ့ ဝက်တွေအတွက် အသက်အန္တရာယ်ရှိနိုင်ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေက တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားခဲ့ပြီး ဝက်သန်းပေါင်းများစွာ သေဆုံးကာအသားထွက်ရှိမှု သိသိသာသာကျဆင်းသွားခဲ့ပြီး အနှစ်မှာလည်း ကူးစက်မှုပြန်လည်မြင့်တက်လာပါတယ်။

Source -CNA

6 mins Ago

May 9, 2023

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပ၊ စစ်ကောင်စီဝန်ကြီး တက်ခွင့်မရ

အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် အကြိုအစည်းအဝေးတွေဖြစ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၊  အာဆီယံ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနဲ့ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံ လာဘူအန်ဘာဂျိုမြို့မှာ မေ ၉ ရက် ဒီကနေ့ ကျင်းပရာမှာ မြန်မာစစ်ကောင်စီခန့် ဝန်ကြီး ပါဝင်တက်ရောက်ခွင့်မရခဲ့ပါဘူး။  

အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး မနက်ဖန်မှာ အာဆီယံ ခေါင်းဆောင်တွေတက်ရောက်မယ့် ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပဖို့ရှိပါတယ်။

မေလ ၉ ရက်ကနေ ၁၁ ရက်အထိ အရှေ့နူဆာတန်ဂါရာပြည်နယ်မှာရှိတဲ့ ပင်လယ်အပန်းဖြေစခန်း လာဘူအန် ဘာဂျိုမှာကျင်းပတဲ့ ၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးဟာ ဒေသတွင်းနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရင်း ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဗဟိုချုပ်ကိုင်မှုနဲ့ တည်ငြိမ်မှုတို့ကို တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

စုံညီနဲ့ ပြန်လှန်သုံးသပ်ရေး အစည်းအဝေး ၈ ခုကို ကျင်းပဖို့ စီစဉ်ထားပြီး အစည်းအဝေး ၇ ခုကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သဘာပတိအဖြစ် ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ ASEAN Matters: Epicentrum of Growth ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ပင်မမဏ္ဍိုင်သုံးရပ်ကို အာရုံစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ တိုးတက်မှုတွေကို ဆွေးနွေးကြမှာပါ။ အာဆီယံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖို့လည်း အာဆီယံံခေါင်းဆောင်တွေက ရည်ရွယ်ချက်ထားပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ အရေးကြီးတဲ့ ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ ကိုဗစ် ကပ်ရောဂါလွန် စီးပွားရေး ပြန်လည်ဦးမော့လာမှု၊ အာဆီယံရဲ့ ၂၀၄၅ မျှော်မှန်းချက်နဲ့ မြန်မာနိုင်ငံ အကျပ်အတည်းတို့ ပါပါတယ်။

နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ရှော့ဖ်ဝမ် ဘာနာက “ဒီနှစ်ဟာ အာဆီယံအတွက် အလွန်အရေးကြီးတဲ့ နှစ်တနှစ်ပါ။ ပထမအချက်အနေနဲ့ ကမ္ဘာကြီးဟာ ကပ်ရောဂါဆိုးရဲ့ သက်ရောက်မှုကနေ ပြန်လည်ကောင်းမွန်နေသေးပြီး ကမ္ဘာ့နေရာတချို့မှာ ပြန်လည်နာလန်ထူဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတခုအဖြစ် ရှိနေပါသေးတယ်။ အချိန်အတော်ကြာ တိုးတက်မှုနှုန်းနဲ့ ဒီဒေသဟာ ကမ္ဘာ့စီးပွားရေးမှာ တောက်ပတဲ့ နေရာတခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ စစ််တပ်က တရားမဝင်အာဏာသိမ်းထားတဲ့အတွက် စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတက်ခွင့် မပြုဘဲ ဖယ်ကြဉ်ထားတာဖြစ်ပါတယ်။

PHOTO-ASEAN

1 day Ago
Up