ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နယ်အနီး ဗဟိုပြုပြီး ပြင်းအား အင်အားရစ်ချ်တာစကေး ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၅ ရက် ဒီကနေ့ မနက် လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၇ နာရီ ၃၉ မိနစ် ၃ စက္ကန့်လောက်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်၊ လှိုင်မြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၁ မိုင် လောက်အကွာ မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံတွေ အတော်များများ သိရှိခံစားခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။
မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့အနီးမှာ စက်တင်ဘာ ၁၅ ရက် မနေ့ညက အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်သွား တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ည ၈ နာရီလောက်က ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ရိဒ်ခေါဒါရ်မြို့ အရှေ့ဘက် ၇ မိုင် အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၅၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အဆိုပါမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိပါဘူး။