close

ရန်ကုန်တွင် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နယ်အနီး ဗဟိုပြုပြီး  ပြင်းအား အင်အားရစ်ချ်တာစကေး ၃ ဒသမ ၀  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၅ ရက် ဒီကနေ့ မနက် လှုပ်ခတ်သွားတယ်လို့  မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ၇ နာရီ ၃၉ မိနစ် ၃ စက္ကန့်လောက်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂  မိုင် ခန့်ကွာဝေးတဲ့  မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်၊ လှိုင်မြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၁ မိုင် လောက်အကွာ  မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံတွေ အတော်များများ သိရှိခံစားခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

//
Up