close

အင်းတော်-ဗန်းမောက်ကားလမ်း

close

August 27, 2022

အင်းတော်-ဗန်းမောက်ကားလမ်း ပြန်ဖွင့်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက၊ အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းကို ဩဂုတ် ၂၇ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာပေးကြပါ။ အခြေခံလူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားတွေ သွားလာခွင့်ရှိပြီး ခရီးသည်တင်ကားတွေ လုံးဝသွားလာ ခွင့်မပြုသေးပါဘူး။ သွားလာလိုပါက ဆိုင်ကယ်နဲ့ သွားလာနိုင်မှာဖြစ်ပြီး စစ်ဆေးမယ်ဆိုပါက စစ်ဆေးခံပြီးမှသာ ဖြတ်သန်းသွားလာရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဘယ်ယာဉ်မဆို ည ၇ နာရီမှ မနက် ၆ နာရီအထိ ဖြတ်သန်း‌မောင်းနှင် သွားလာတာ မလုပ်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားဖေါ်ပြထားပါတယ်။

ဗန်းမောက်ဘက်ရှိ စစ်ကောင်စီတပ်ကို လက်နက်ပို့တဲ့လမ်းကြောင်းက အင်းတော်-ဗန်းမောက် လမ်း တခုတည်းရှိတာမို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ကန့်သတ်ချက်တွေ ထုတ်ရတာကို ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့လည်း ပန်ကြားထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လလယ်ကစလို့ စစ်ကိုင်းတိုင်း အင်းတော်နဲ့ဗန်းမောက်ဘက်ကို စစ်ကြောင်း ထိုးလာတဲ့အပြင် ရိက္ခာသယ်ယူတာတွေ လုပ်လာတာကြောင့်  ခရီးသွားနဲ့ဒေသခံတွေ အဲဒီလမ်းကို အသုံးမပြုဖို့   Indaw Revolution-IR  က ခရီးသွားသတိပေးချက်တွေကို ဇွန်နဲ့ ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။ 

3 hours Ago

July 8, 2022

အင်းတော်-ဗန်းမောက်ကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်

အင်းတော်-ဗန်းမောက်ကားလမ်းကို ဇူလိုင် ၇ ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ Indaw Revolution-IR   က ဇူလိုင် ၇ရက်မှာ ထုတ်ပြန်ပါတယ်။

"အင်းတော်-ဗန်းမောက်လမ်းပိုင်းက အင်းတော်နဲ့ ဗန်းမောက်ပဲ။ ဘယ်မြို့နယ်မှ မကူးသန်းမ သွားလာရဘူး။ စစ်ရေးအ​ခြေနေက လက်နက်အင်အား ရိက္ခာအင်အားတွေ ဖြည့်တင်းနေတယ်"လို့ Indaw Revolution-IR  က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်းတော်ကနေ ဗန်းမောက်ဘက်သို့ စစ်လက်နက်ပစ္စည်းနဲ့  ရိက္ခာတွေ သယ်ယူပို့ဆောင်နေတဲ့အပြင် စစ်ရေး တင်းမာနေတာကြောင့် ကုန်တင်ယာဥ်တွေကို အင်းတော်-ဗန်းမောက် ကားလမ်းအသုံးပြုခွင့် ဇူလိုင် ၇ ရက်နေ့မှစပြီး ရက်အကန့်သတ်မရှိ ပိတ်လိုက်တာလို့ Indaw Revolution-IR  ကသိရပါတယ်။

အိမ်စီးကားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ပေးကြဖို့ တောင်းဆိုထားပါတယ်။nစည်းကမ်းချက်မလိုက်နာဘဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ Indaw Revolution-IR  က ထုတ်ပြန်ထားပါတယ်။

2 months Ago
Up