close

အင်းနရစ်

close

January 22, 2023

ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း အင်းနရစ်ကိုခေါ်ယူခန့်အပ်ရန် ဘရာဇီးအသင်းဆွေးနွေး

ဘရာဇီးလက်ရွေးစင်အသင်းဟာ ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ခေါ်ယူ ခန့်အပ်ဖို့ ဆွေးနွေးနေပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်ဇ်ဟာ လာမယ့် တပတ်အတွင်းမှာ ဥရောပတိုက်ကို လာရောက်ပြီး လက်ရွေးစင်နည်းပြအဖြစ်လျာထားသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

စပိန်သတင်းတွေအရ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမယ့် နည်းပြ စာရင်းမှာ အင်းနရစ်လည်းပါဝင်နေတာပါ။

အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စပိန်အသင်းကို ကိုင်တွယ်ခဲ့ပြီး မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

အဲဒီနောက် စပိန်အသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ ဘရာဇီး အသင်းဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းနည်းပြ တက်တေကို ထုတ်ပယ်ခဲ့တာပါ။ ဘရာဇီးအသင်းရဲ့ နည်းပြချုပ်လျာထားစာရင်းမှာ ရီးယဲလ်နည်းပြ အန်စလော့တီလည်းပါဝင်နေ တယ်လို့သိရပါတယ်။ 

8 mins Ago

December 27, 2020

ဂွါဒီယိုလာနှင့် အင်းနရစ်တို့ကို အကောင်းဆုံးနည်းပြ နှစ်ဦးအဖြစ် မက်ဆီ ချီးကျူး

နည်းပြ ဂွါဒီယိုလာနဲ့ အင်းနရစ်တို့က အကောင်းဆုံးနည်းပြ နှစ်ဦးဖြစ်တယ်လို့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောပါတယ်။  ရာသီအကုန်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိချိန်မှာ စီးတီးနည်းပြ ဂွါဒီယိုလာကို မက်ဆီက ချီးကျူးခဲ့တာပါ။  လာဆက်တာနဲ့ အင်တာဗျူးမှာ မက်ဆီက ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ လူးဝစ်အင်းနရစ်တို့ နှစ်ဦးကို ချီးကျူးခဲ့ပြီး သူတို့နှစ်ဦးလက်အောက်မှာ သင်ယူခွင့်ရခဲ့တာက ကံကောင်းခဲ့ကြောင်း မက်ဆီက ပြောပါတယ်။ ဂွါဒီယိုလာက ထူးခြားတဲ့နည်းပြဖြစ်ပြီး လူးဝစ်အင်းနရစ်ကလည်း ကောင်းမွန်တဲ့နည်းပြ ဖြစ်လို့ အကောင်းဆုံးနည်းပြ နှစ်ဦး ဖြစ်ကြောင်း၊ သူတို့နှစ်ဦးကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ တိုးတက်လာခဲ့သလို နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီးလည်း သူတို့က သင်ကြားပေးခဲ့တယ်လို့ မက်ဆီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up