ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း အင်းနရစ်ကိုခေါ်ယူခန့်အပ်ရန် ဘရာဇီးအသင်းဆွေးနွေး

ဘရာဇီးလက်ရွေးစင်အသင်းဟာ ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ခေါ်ယူ ခန့်အပ်ဖို့ ဆွေးနွေးနေပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်နယ်ဒိုရိုဒရီဂွက်ဇ်ဟာ လာမယ့် တပတ်အတွင်းမှာ ဥရောပတိုက်ကို လာရောက်ပြီး လက်ရွေးစင်နည်းပြအဖြစ်လျာထားသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
စပိန်သတင်းတွေအရ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမယ့် နည်းပြ စာရင်းမှာ အင်းနရစ်လည်းပါဝင်နေတာပါ။
အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စပိန်အသင်းကို ကိုင်တွယ်ခဲ့ပြီး မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
အဲဒီနောက် စပိန်အသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ ဘရာဇီး အသင်းဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းနည်းပြ တက်တေကို ထုတ်ပယ်ခဲ့တာပါ။ ဘရာဇီးအသင်းရဲ့ နည်းပြချုပ်လျာထားစာရင်းမှာ ရီးယဲလ်နည်းပြ အန်စလော့တီလည်းပါဝင်နေ တယ်လို့သိရပါတယ်။