အင်္ဂလန်အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ကြသူတွေအတွက် ပိုစတာတွေကိုင်ဆောင်ပြီး အားပေးဖို့ စီစဉ်နေကြပါတယ်။
အင်္ဂလန်အသင်းဟာ အီတလီနဲ့ ပင်နယ်တီ အဆုံးအဖြတ်ပွဲစဉ်မှာရူံးနိမ့်ခဲ့ပြီး မန်ယူနိုက်တက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အာဆင်နယ်က ဘူကာယို ဆာကာတို့က ပင်နယ်တီလွဲချော်ခဲ့ကြတာဖြစ်ပါတယ်။ \
ပွဲအပြီးမှာ အဲဒီကစားသမား ၃ ဦးကို ပစ်မှတ်ထား လှောင်ပြောင်ခဲ့ကြပြီး လူမျိုးရေးခွဲခြားမှုတွေပါ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီကစားသမား ၃ ဦးကို စိတ်ဓာတ်မြင့်တက်စေဖို့အတွက် အန်ဒိုရာနဲ့ ဝင်ဘလေကွင်းမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အားပေးတဲ့ စာသားတွေပါ ပိုစတာတွေကိုင်ဆောင်ပြီး ပြသဖို့ အင်္ဂလန်ပရိသတ်တွေက စီစဉ်ထားတာပါ။
အင်္ဂလန်ပရိသတ်တွေဟာ အာဆင်နယ်ကစားသမား ဆာကာ အသင်းနဲ့ပြန်လည်ပူးပေါင်းချိန်မှာ အားပေးစကားတွေရေးပြီး အသင်းလေ့ကျင့်ရေးကွင်းလာကပ်ခဲ့သလို အင်္ဂလန်အသင်းရဲ့ ပထမဆုံးလေ့ကျင့်ရေးကွင်းမှာလည်း အလားတူလုပ်ဆောင်ခဲ့ပါသေးတယ်။
အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဒီကနေ့ည ၁ဝ နာရီခွဲ ကစားမယ့် အန်ဒိုရာနဲ့ အိမ်ကွင်းပွဲမှာ အရန်ကစားသမားအများစုနဲ့ ပွဲထုတ်သွားမှာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ယူကရိန်းတို့ကစားကြမယ့် ယူရိုကွားတားဖိုင်နယ်ပွဲစဉ်ကို အီတလီနိုင်ငံ ရောမမြို့မှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။
အဲဒီပွဲစဉ်ကို ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် အင်္ဂလန်ပရိသတ်တွေ လာရောက်ကြည့်ရှုဖို့ခက်ခဲနေပြီး စည်းကမ်းချိုးဖောက်ခဲ့ပါက ပေါင်၂၅၀၀ ဒဏ်ရိုက်မယ်လို့ အီတလီ အစိုးရက ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်အက်ဖ်အေအနေနဲ့ လက်မှတ်ခွဲတမ်း ၂၅၀၀ ရရှိထားပေမယ့် ရောင်းချမှာမဟုတ်ဘဲ အီတလီမှာနေထိုင်တဲ့ အင်္ဂလန်နိုင်ငံသားတွေအတွက်ပဲ ရောင်းချနိုင်ဖို့ ယူအီး အက်ဖ်အေနဲ့ ဆွေးနွေးနေပါတယ်။
အင်္ဂလန်ပရိသတ်တွေအနေနဲ့ ရောမအထိ လာကြည့်မယ်ဆိုပါက အီတလီမှာ ၅ ရက်ကြာ သီးသန့်နေထိုင်ရမှာဖြစ်သလို အင်္ဂလန်ပြန်ရောက်ရင်လည်း ၁ဝ ရက်သီးသန့်နေထိုင်ရ မှာဖြစ်ပါတယ်။
ဒီလိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်္ဂလန်ပရိသတ်တွေ သွားရောက်ကြည့်ရှုနိုင်မှာမဟုတ်ပဲ အီတလီမှာနေထိုင်တဲ့ အင်္ဂလန်နိုင်ငံသားတွေပဲ အားပေး ခွင့်ရရှိဖို့ရှိပါတယ်။
အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ဆီမီးနဲ့ ဗိုလ်လုပွဲတွေကို အိမ်ကွင်း ဝင်ဘလေမှာကစားသွားရမှာဖြစ်ပါတယ်။