အင်္ဂလန်ပရိသတ် စည်းကမ်းချိုးဖောက်ပါက ပေါင် ၂၅ဝဝ ဒဏ်ရိုက်မည်ဟု အီတလီသတိပေး

အင်္ဂလန်နဲ့ယူကရိန်းတို့ကစားကြမယ့် ယူရိုကွားတားဖိုင်နယ်ပွဲစဉ်ကို အီတလီနိုင်ငံ ရောမမြို့မှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။
အဲဒီပွဲစဉ်ကို ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် အင်္ဂလန်ပရိသတ်တွေ လာရောက်ကြည့်ရှုဖို့ခက်ခဲနေပြီး စည်းကမ်းချိုးဖောက်ခဲ့ပါက ပေါင်၂၅၀၀ ဒဏ်ရိုက်မယ်လို့ အီတလီ အစိုးရက ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်အက်ဖ်အေအနေနဲ့ လက်မှတ်ခွဲတမ်း ၂၅၀၀ ရရှိထားပေမယ့် ရောင်းချမှာမဟုတ်ဘဲ အီတလီမှာနေထိုင်တဲ့ အင်္ဂလန်နိုင်ငံသားတွေအတွက်ပဲ ရောင်းချနိုင်ဖို့ ယူအီး အက်ဖ်အေနဲ့ ဆွေးနွေးနေပါတယ်။
အင်္ဂလန်ပရိသတ်တွေအနေနဲ့ ရောမအထိ လာကြည့်မယ်ဆိုပါက အီတလီမှာ ၅ ရက်ကြာ သီးသန့်နေထိုင်ရမှာဖြစ်သလို အင်္ဂလန်ပြန်ရောက်ရင်လည်း ၁ဝ ရက်သီးသန့်နေထိုင်ရ မှာဖြစ်ပါတယ်။
ဒီလိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်္ဂလန်ပရိသတ်တွေ သွားရောက်ကြည့်ရှုနိုင်မှာမဟုတ်ပဲ အီတလီမှာနေထိုင်တဲ့ အင်္ဂလန်နိုင်ငံသားတွေပဲ အားပေး ခွင့်ရရှိဖို့ရှိပါတယ်။
အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ဆီမီးနဲ့ ဗိုလ်လုပွဲတွေကို အိမ်ကွင်း ဝင်ဘလေမှာကစားသွားရမှာဖြစ်ပါတယ်။