close

အငှားခေါ်ယူ

close

March 3, 2023

မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားခေါ်ယူရန် တူရကီကလပ်များ ကြိုးပမ်း

တူရကီကလပ်အသင်းတွေဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်း နေကြတယ်လို့ သိရပါတယ်။

တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြချက်အရ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ တူရကီ ကလပ်တွေက အမှန်တကယ် စိတ်ဝင်စားနေကြပေမယ့် လက်တွေ့ကျတဲ့ကမ်းလှမ်းချက်တောင် လုပ် ဆောင်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် လာမဲ့ မတ်လ ၅ ရက်အထိ သက်တမ်းတိုးပေးထားတာပါ။

တူရကီလိဂ်အပြင် အိုက်စလန်၊ နော်ဝေ၊ မော်ဒိုဗာ၊ ဘယ်လာရုစ်နဲ့ ဖာရိုးကျွန်းစုများနိုင်ငံတွေရဲ့ လိဂ် ပြိုင်ပွဲတွေဟာလည်း အပြောင်းအရွှေ့ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာအမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့လို့ ဘောလုံး ပြန်ကစားခွင့်ရှိနေပါပြီ။

ဒါပေမဲ့မိခင်ကလပ် မန်ယူဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ် ပြုလုပ်နေဆဲဖြစ်ပြီး အသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ်ဖို့ မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။

10 mins Ago

January 14, 2021

တိုက်စစ်မှူး ဒမ်ဘီလီကို အက်သလက်တီကိုက အငှားခေါ်ယူ  

အက်သလက်တီကိုအသင်းဟာ လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီကို အငှားနဲ့ခေါ်ဖို့ အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစာချုပ်မှာ ပြင်သစ်တိုက်စစ်မှူးအတွက် အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။ ဆီမြွန်နီရဲ့အသင်းဟာ ဒမ်ဘီလီအတွက် အခုသီတင်းပတ်အစောပိုင်းမှာ သဘောတူညီမှု ရရှိ ခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ ဆေးစစ်မှု ခံယူခဲ့တာပါ။  ကလပ်အသင်း ၂ ခုကြား အငှားသဘောတူညီချက်မှာ ဒမ်ဘီလီကို ယူရို ၃၃ ဒသမ ၅ သန်းနဲ့ အပြီး သတ်ခေါ်ယူခွင့်လည်း ပါဝင်ပြီး ဘောနပ်စ်ကြေး ယူရို ၅ သန်း ထပ်ပေးရမှာ ဖြစ်ပါတယ်။  စာချုပ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အငှားခေါ်ယူခွင့်အတွက် တီကိုအသင်းက ယူရို ၁ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ပါတယ်။  ဒမ်ဘီလီဟာ ဆဲတစ်အသင်းကနေ လိုင်ယွန်အသင်းကို ယူရို ၂၂ သန်းနဲ့ ၂၀၁၈ နွေရာသီမှာ ရောက်ရှိလာတာဖြစ်ပြီး ပြင်သစ်ကလပ်မှာ ၂ နှစ်ခွဲကစားခဲ့ပါတယ်။  ပြင်သစ်တိုက်စစ်မှူးဟာ လိုင်ယွန်အတွက် ၁၀၈ ပွဲ ကစားပြီး ၄၅ ဂိုးသွင်းယူကာ ၂၀၁၉-၂၀ ရာသီမှလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိရောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ပြီးခဲ့တဲ့လတွေကစလို့ ဒမ်ဘီလီဟာ အသင်းပြောင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒါကိုလိုင်ယွန် အားကစားဒါရိုက်တာ ဂျူနင်ဟိုကလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒမ်ဘီလီဟာ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ၁၆ ပွဲကစားကာ ၁ ဂိုးသွင်းယူ ပေးခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ဂိုး ၂၀ နဲ့အထက်သွင်းယူ နိုင်ခဲ့သူဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ထွက်ခွာခွင့်ပြုခဲ့ တာကြောင့် သူ့နေရာမှာ ဒမ်ဘီလီနဲ့ အစားထိုးခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းဘက်ကတော့ ဒမ်ဘီလီရဲ့နေရာမှာ လက်စတာတိုက်စစ်မှူး ဆူလေမာနီနဲ့ အစားထိုးခဲ့ပါတယ်။  ဆူလေမာနီဟာ လက်စတာကနေ နယူးကာဆယ်၊ ဖင်နာဘာချီနဲ့ မိုနာကိုအသင်းတို့ကို အငှားထွက်ကစားခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာ ပြင်သစ်မြေကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆူလေမာနီဟာ အခုရာသီမှာလက်စတာအသင်းအတွက် တစ်ပွဲသာ ပွဲထွက်ခွင့်ရ ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီမို နာကိုအသင်းမှာတာ့ ၁၉ ပွဲကစားကာ ၉ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။
2 years Ago
Up