close

အစင်ကျေးရွာ

close

February 28, 2022

ရေးမြို့နယ်တွင် ကိုဗစ်ကူးမှုမြင့်တက်၊ အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ၁၆၀ ကျော် ကူးစက်ခံရ

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ၂ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာမှာ ၁၀၇ ဦးတွေ့ရှိခဲ့ပြီး အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ဆရာဆရာမတွေ အများစုဖြစ်တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

“အရင်ကိုဗစ် တတိယလှိုင်းကထက် အခု ကိုဗစ်ကူးစက်မှုက မြန်တယ်။ ဒါပေမဲ့ ရောဂါလက္ခဏာပြင်းထန်တဲ့သူ မရှိသလောက်ဘဲ၊ ၅ ရက်အတွင်း ပြန်လည်ကျန်းမာလာတာကို တွေ့ရတယ်” ပရဟိတသမားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က အစင်မူလွန်ကျောင်းကနေ ဆရာမတဦးမှာ ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီး ထိတွေ့ထားတဲ့ ကျောင်းသား/သူ ၁၇ ဦးမှာ ထပ်မံပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီနောက် အစင်ရွာမ မူလွန် အထက ကျောင်းမှာ ထပ်မံစစ်ဆေးချက်အရာ ကျောင်းသား/သူပေါင်း ၁၆၃ ဦး ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတသမားတဦးက ပြောပါတယ်။

ကာကွယ်တားဆီးရေးအပိုင်းက အရင်ကထက်အားနည်းလာတာကြောင့် မြို့ပေါ်နဲ့ နယ်ကျေးရွာတွေပါ ကူးစက်မှုက တနေ့တခြား ပိုများလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၁ ပတ်အတွင်း စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားသူစုစုပေါင်း ၁,၀၈၅ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ရေးမြို့နယ်က ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော် ရောဂါကူးစက်မှု အများဆုံးဖြစ်ပါတယ်။

11 mins Ago

December 28, 2019

ရေးမြို့နယ် အစင်ကျေးရွာ ဆီသိုလှောင်ကန် မီးလောင်

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာရှိ မြတ်သူရ ကုမ္ပဏီပိုင် ဓာတ်အားပေးစက်ရုံ ဆီသိုလှောင်ကန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။  ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေနဲ့အတူ မီးကို ငြှိမ်းသတ်နေဆဲဖြစ်ပြီး အနီးအနားဝန်းကျင်ရှိ နေအိမ်တွေလည်း မီးစိုးရိမ်ရတာကြောင့် စတင်ဖယ်ရှားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံ ဆီလှောင်ကန်မှာ ရေးမြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ်မီး ယာယီဖြတ်တောက်ထားရတယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပါဘူး။ နေမျိုးထွဋ်
2 years Ago
Up