close

အစိုးရသစ်ဖွဲ့စည်း

close

December 10, 2022

ဘရာဇီးသမ္မတသစ် အစိုးရသစ်ဖွဲ့စည်းကြောင်း ကြေညာ

ဘရာဇီးနိုင်ငံရဲ့ လက်ဝဲယိမ်း ရွေးကောက်ခံသမ္မတသစ် လူလာဒါဆေးလ်ဗားက သူရဲ့အစိုးရသစ် ဖွဲ့စည်းမှုကို ဒီဇင်ဘာ ၉ ရက်က ကြေညာခဲ့ပြီး အဓိက ရာထူးခန့်အပ်မှုတွေနဲ့ ပက်သက်လို့ ထင်ကြေးပေးနေမှုတွေအပေါ် အဆုံးသတ်ခဲ့ပါတယ်။

လူလာဟာ သူယုံကြည်ရတဲ့ မဟာမိတ် ဆော်ပေါ်လိုမြို့တော်ဝန်ဟောင်း ဖာနန်ဒိုဟတ်ဒတ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ  တာဝန်ထမ်းဆောင်နေဆဲ လက်ယာစွန်းသမ္မတ ဂျိုင်ရ် ဘော်လ်ဆိုနာရို ကို ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီးနောက် ဇန်နဝါရီလ ၁ ရက်မှာ သမ္မတတာဝန်ကို လွှဲပြောင်းရယူတော့မှာပါ။ 

သမ္မတသစ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးဖြစ်တဲ့ မော်ရို ဗီအေးရားကို ရွေးချယ်ခဲ့ပါတယ်။ 

အောက်လွှတ်တော်အမတ်ဟောင်း ဟိုဆေးမူစီယိုကို ကာကွယ်ရေးဝန်ကြီး၊ ဘာဟီးယာပြည်နယ် အုပ်ချုပ်ရေးမှူး ရွီကော့စ်တာကို ဝန်ထမ်းရေးရာ အရာရှိချုပ်နဲ့ မာရန်ဟာအိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖှလာဗီယို ဒီနိုကို တရားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့တာပါ။

ရင်းနှီးမြှုပ်နှံသူတွေကလည်း လူလာရဲ့  နိုင်ငံ့စီပွားရေးလည်ပတ်မှုအပေါ် စိုးရိမ်တကြီး စောင့်မျှော် နေကြပြီး လာမယ့်နှစ်မှာ လူမှုရေးအသုံးစရိတ် တိုးမြှင့်ဖို့ သူ့ကြေညာချက်ကိုတော့  အောက်လွှတ်တော်မှာ မဲမပေးရသေးတာကြောင့် အဲဒါကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘရားဇီးလ်ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သမ္မတသစ် လူလာက ပြောပါတယ်။ 

2 mins Ago

September 23, 2020

မလေးရှား အစိုးရသစ်ဖွဲ့စည်းရန် ထောက်ခံမှုအများစု ရထားဟု အတိုက်အခံခေါင်းဆောင် ပြော

မလေးရှား အစိုးရသစ် ဖွဲ့စည်းဖို့အတွက် လွှတ်တော်အမတ်တွေဆီက ထောက်ခံမှု အများစုကို ရထားတယ်လို့ အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က စက်တင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ့ကို ဝန်ကြီးချုပ် တရားဝင်ခန့်အပ်ဖို့ မလေးရှားဘုရင်ကို အခစားဝင်သွားမယ်လို့ လည်း အတိုက်အခံခေါင်းဆောင် အန်ဝါက ပြောပါတယ်။ မလေးရှားလွှတ်တော်အမတ် ၂၂၂ ယောက်ထဲက သုံးပုံနှစ်ပုံနီးပါးရဲ့ ထောက်ခံမှုကို  သူ ရခဲ့တာကြောင့် တန်ရှရီမူဟစ်ယာဆင် အစိုးရ ပြုတ်ကျသွားပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောဆိုပါတယ်။ ဝန်ကြီးချုပ် မူဟစ်ယာဆင် အာဏာရပြီး ၇ လမပြည့်ခင်မှာပဲ အတိုက်အခံ ခေါင်းဆောင် အန်ဝါက အခုလို ပြောဆိုခဲ့တာပါ။ မလေးရှားနိုင်ငံရေး လောကရဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ် အန်ဝါဟာ အစိုးရနဲ့ ပဋိပက္ခဖြစ်ပြီးနောက်မှာ လိင်တူချင်း ဆက်ဆံတယ်၊ အကျင့်ပျက် ခြစားတယ်ဆိုတဲ့ စွဲချက်တွေနဲ့  ထောင် ၁၀ နှစ် ကျခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေဟာ  သူရဲ့နိုင်ငံရေးဘဝကို ဖျက်ဆီးဖို့ နိုင်ငံရေးအရ အကွက်ဆင်တာလို့ အန်ဝါနဲ့ သူ့ကို ထောက်ခံသူတွေက ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အန်ဝါ ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ မဟာသီနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်အရ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
2 years Ago
Up