close

ဘရာဇီးသမ္မတသစ် အစိုးရသစ်ဖွဲ့စည်းကြောင်း ကြေညာ

ဘရာဇီးနိုင်ငံရဲ့ လက်ဝဲယိမ်း ရွေးကောက်ခံသမ္မတသစ် လူလာဒါဆေးလ်ဗားက သူရဲ့အစိုးရသစ် ဖွဲ့စည်းမှုကို ဒီဇင်ဘာ ၉ ရက်က ကြေညာခဲ့ပြီး အဓိက ရာထူးခန့်အပ်မှုတွေနဲ့ ပက်သက်လို့ ထင်ကြေးပေးနေမှုတွေအပေါ် အဆုံးသတ်ခဲ့ပါတယ်။

လူလာဟာ သူယုံကြည်ရတဲ့ မဟာမိတ် ဆော်ပေါ်လိုမြို့တော်ဝန်ဟောင်း ဖာနန်ဒိုဟတ်ဒတ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ  တာဝန်ထမ်းဆောင်နေဆဲ လက်ယာစွန်းသမ္မတ ဂျိုင်ရ် ဘော်လ်ဆိုနာရို ကို ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီးနောက် ဇန်နဝါရီလ ၁ ရက်မှာ သမ္မတတာဝန်ကို လွှဲပြောင်းရယူတော့မှာပါ။ 

သမ္မတသစ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးဖြစ်တဲ့ မော်ရို ဗီအေးရားကို ရွေးချယ်ခဲ့ပါတယ်။ 

အောက်လွှတ်တော်အမတ်ဟောင်း ဟိုဆေးမူစီယိုကို ကာကွယ်ရေးဝန်ကြီး၊ ဘာဟီးယာပြည်နယ် အုပ်ချုပ်ရေးမှူး ရွီကော့စ်တာကို ဝန်ထမ်းရေးရာ အရာရှိချုပ်နဲ့ မာရန်ဟာအိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖှလာဗီယို ဒီနိုကို တရားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့တာပါ။

ရင်းနှီးမြှုပ်နှံသူတွေကလည်း လူလာရဲ့  နိုင်ငံ့စီပွားရေးလည်ပတ်မှုအပေါ် စိုးရိမ်တကြီး စောင့်မျှော် နေကြပြီး လာမယ့်နှစ်မှာ လူမှုရေးအသုံးစရိတ် တိုးမြှင့်ဖို့ သူ့ကြေညာချက်ကိုတော့  အောက်လွှတ်တော်မှာ မဲမပေးရသေးတာကြောင့် အဲဒါကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘရားဇီးလ်ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သမ္မတသစ် လူလာက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up