close

အစိုးရအဖွဲ့

close

June 3, 2022

ဩစတြေးလျဝန်ကြီးချုပ်က အစိုးရအဖွဲ့အတွင်း အမျိုးသမီး ၁၀ ‌ဦး စံချိန်တင်ခန့်အပ်

ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ ဘာသာရေး လူနည်းစုတွေနဲ့ ဌာနေတိုင်းရင်းသားတွေ မတူကွဲပြားမှု စုံလင်စေဖို့ ပြည်ထောင်စုဝန်ကြီး အသစ်တွေကို စံချိန်တင် ခန့်အပ်လိုက်ပါတယ်။

မြို့တော် ကင်ဘာရာမှာ ဇွန် ၁ ရက်က အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ 

အဖွဲ့ဝင် ၂၃ ယောက်ပါတဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီး စုစုပေါင်း ၁၀ ယောက်ပါပြီး အရင် လစ်ဘရယ် အမျိုးသားရေးဝါဒီ ညွန့်ပေါင်းအစိုးရလက်ထက်က အစိုးရအဖွဲ့ အမျိုးသမီးဝန်ကြီး ၇ ယောက် စံချိန်ကို ချိုးလိုက်တာပါ။

စက်မှုဝန်ကြီး အဒ် ဟူစစ်၊ လူငယ်ရေးရာဝန်ကြီး အန်း အယ်လီတို့ဟာ ဩစတြေးလျရဲ့ ပထမဆုံး မွတ်စလင် ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်လာပါတယ်။

ဌာနေတိုင်းရင်းသားဝန်ကြီးဌာန ဝန်ကြီးအဖြစ် အဘောရီးဂျင်း တိုင်းရင်းသူ လင်ဒါ ဘာနေဟာ သားပိုက်ကောင်သားရေနဲ့ လုပ်ထားတဲ့ အပေါ်ရုံဝတ်စုံကို ဝတ်ထားပါတယ်။

လေဘာပါတီဟာ အမတ် ၁၅၁ ယောက်ရှိတဲ့ အောက်လွှတ်တော်အတွင်း အမတ်နေရာ ၇၇ နေရာကို ရထားလို့ ရာသီဥတုကို အာရုံစိုက်နေတဲ့ တသီးပုဂ္ဂလ အမတ်တွေနဲ့ ဂရင်းပါတီတို့ရဲ့ ပံ့ပိုးမှုမပါဘဲ အစိုးရဖွဲ့နိုင်သွားတာပါ။

7 mins Ago

November 9, 2021

အသွင်ကူးပြောင်းရေးကာလပြီးလျှင် အစိုးရအဖွဲ့ ၌မပါဟု ဆူဒန်အာဏာသိမ်းစစ်တပ်အကြီးအကဲ ပြော

အာဖရိကတိုက်အရှေ့မြောက်ပိုင်းက ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလပြီးပါက ဘယ်အစိုးရမှာမှ ပါဝင်မှာမဟုတ်ဘူးလို့ ဆူဒန် စစ်တပ်အကြီးအကဲ အဘ်ဒယ်ဖှာတာအယ်လ် ဘာဟန်က ပြောခဲ့ကြောင်း နိုဝင်ဘာ ၇ ရက် အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေ သေဆုံးရတဲ့အတွက် စစ်တပ်မှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း သူက ငြင်းဆိုခဲ့ပြီး လာမယ့် တနှစ်ခွဲအတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် သူ့ကတိကိုလည်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

အရင်လက စစ်အာဏာသိမ်းအပြီး ဆူဒန်ဝန်ကြီးချုပ် အဘ်ဒါလာဟမ်းဒေါ့ခ်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတာပါ။

နိုဝင်ဘာ ၇ ရက်မှာတော့ အာရပ်အသင်းချုပ် ကိုယ်စားလှယ်က ဟမ်းဒေါ့၊ ဘာဟန်တို့နဲ့ တွေ့ဆုံပြီး စစ်ဘက် အရပ်ဘက် မိတ်ဘက် အနေအထားကို ပြန်သွားဖို့ ဆွေးနွေးရေးက အရေးကြီးတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

7 months Ago
Up