တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ တုံ့ပြန်မှုအစီအမံအသစ်ဟာ သိပ္ပံနည်းကျအကဲဖြတ်မှုတွေအပေါ် အခြေခံပြီး သက်ဆိုင်ရာအရင်းအမြစ်တွေကို ပိုကောင်းအောင် လုပ်မယ်လို့ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားစီမံခန့်ခွဲရေးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အမျိုးသားစီမံခန့်ခွဲရေး လက်ထောက် ညွှန်ကြားရေးမှူး ချောင် ကျိလေက သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အသစ်ပြင်ဆင်ထားတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးယန္တရားရဲ့ အစီအမံ အသစ်တွေထဲမှာ အနီးကပ် ထိတွေ့သူတွေနဲ့ ပြည်တွင်းခရီးသွားတွေအတွက် ကိုဗစ်-၁၉ ကန့်သတ်ကာလကို ဖြတ်တောက် လျှော့ချတာတွေ ပါပါတယ်။
ရောဂါခြေချုပ်နဲ့ သီးခြားခွဲထားတဲ့ ကွာရန်တင်း လုပ်ဆောင်ချက်ကို အရင် ခုနစ်ရက်ကြာထားရာကနေ အခု ငါးရက်၊ အိမ်မှာ သုံးရက်ကြာ သီးသန့်ခွဲထားခြင်းကနေ သုံးရက်ကြာ ကျန်းမာရေး စောင့်ကြည့်တာ အထိ ဖြတ်တောက် လျှော့ချမှာဖြစ်ပါတယ်။
အိုမီခရွန် အမျိုးအနွယ်ခွဲ BA.5၊ BA.5.2 နဲ့ BA.2.76 တို့ဟာ တရုတ်နိုင်ငံတွင်း အကူးများတဲ့ ကိုဗစ် -၁၉ ရောဂါ ဗီဇမျိုးကွဲတွေ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် အိုမီခရွန် ကူးစက်မှု နှေးစေဖို့ ကြိုးစားတဲ့ ဆောင်ရွက်ချက် အသစ်တွေကို ဗြိတိန်အစိုးရက နိုဝင်ဘာ ၂၇ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီပိုးအသစ်ကို ကာကွယ်ဆေးတွေက ထိထိရောက်ရောက် တိုက်ဖျက်နိုင်စွမ်း လျော့နည်းမယ့် ကျိုးကြောင်းဆီလျော်တဲ့ အခွင့်အလမ်းတွေရှိနေတယ်လို့ ထိပ်တန်းကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
နိုင်ငံအားလုံးကနေ ဗြိတိန်ကို ရောက်လာတဲ့သူတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံမထားရကြောင်း စစ်ဆေးချက်ရလဒ် မထွက်မချင်း ရောဂါခြေချုပ်နဲ့ နေကြဖို့၊ ပါးစပ်နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဆင်ကြဖို့နဲ့ ကာကွယ်ဆေး အာနိသင်ကို ဆက်ထိန်းထားဖို့ ထိုးဆေးထိုးရမယ့် အချိန်ရောက်ပြီလို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။
“ကျနော်တို့ဟာ ဒီပိုးအသစ်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အတိအကျ နားလည်စေဖို့ သိပ္ပံပညာရှင်တွေကို အချိန်ပေးဖို့ လိုတယ်” လို့ သူက ဆက်ပြောပါတယ်။
အိုမီခရွန် ဗီဇမျိုးကွဲသစ် ကူးစက်ခံ သံသယရှိသူတွေနဲ့ ထိတွေ့ထားတဲ့ လူတွေဟာ ဆယ်ရက်အထိ ရောဂါခြေချုပ်နဲ့ နေရမှာဖြစ်ပြီး ဆိုင်တွေနဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ခရီးစဉ်အတွင်း ပါးစပ်နှာခေါင်းစည်း ဝတ်ကြဖို့ ဂျွန်ဆင်က ပြောပါတယ်။
ဗြိတိန်နိုင်ငံအတွင်း အိုမီခရွန် ဗီဇမျိုးကွဲသစ်ကူးစက်ခံ တောင် အာဖရိကကို ခရီးထွက်ထားသူ ပထမဆုံး ၂ ယောက်ကို ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဒ် ဂျာဗစ်ဒ်က စနေမနက် အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
သူတို့ နဲ့ အိမ်ထောင်စုဝင် အားလုံးကို ပြန်စမ်းသပ်မှာဖြစ်ပြီး နောက်ထပ် စမ်းသပ်မှုတွေနဲ့ ထိတွေ့မှု ခြေရာခံတာတွေ လုပ်မပြီးမချင်း သီးခြားခွဲနေဖို့ ပြောထားပါတယ်။
နိုဝင်ဘာ ၂၈ ရက်က စပြီး မာလာဝီ၊ မိုဇမ်ဘစ်၊ ဇမ်ဘီယာနဲ့ အန်ဂိုလာ နိုင်ငံတွေကိုပါ ခရီးသွား အနီရောင်ဇုန်ထဲကို ဗြိတိန် အစိုးရက ထပ်ဖြည့်လိုက်ပါတယ်။ နဂိုစာရင်းထဲမှာ ဘော့စ်ဝါနာ၊ အဲ့စ်ဝါတီနီ၊ လေဆိုသို၊ နမီးဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နိုင်ငံတွေ ရှိပြီးသားပါ။
အဲဒီနိုင်ငံတွေကနေ ပြန်လာတဲ့ ဗြိတိန်နဲ့ အိုင်းရစ်ရှ်တွေဟာ အစိုးရ အသိအမှတ်ပြု ဟိုတယ်တွေမှာ ဆယ်ရက်ကြာ ရောဂါ ခြေချုပ်နဲ့ နေရမှာဖြစ်ပြီး ဒေသခံ ဘယ်သူ့ကိုမှ ပြည်ဝင်ခွင့် မငြင်းဘူးလို့လည်း ဆိုပါတယ်။
မနှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းဖို့ အသွားအလာ ပိတ်ဆို့ကန့်သတ်ခဲ့လို့ အခုနှစ် ခရစ္စမတ်ဟာ မနှစ်ကထက် ပိုကောင်းမယ်လို့ ယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။