ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှုအစီအမံအသစ်ကို ပိုကောင်းစေရန် တရုတ်နိုင်ငံလုပ်မည်

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ တုံ့ပြန်မှုအစီအမံအသစ်ဟာ သိပ္ပံနည်းကျအကဲဖြတ်မှုတွေအပေါ် အခြေခံပြီး သက်ဆိုင်ရာအရင်းအမြစ်တွေကို ပိုကောင်းအောင် လုပ်မယ်လို့ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားစီမံခန့်ခွဲရေးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အမျိုးသားစီမံခန့်ခွဲရေး လက်ထောက် ညွှန်ကြားရေးမှူး ချောင် ကျိလေက သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အသစ်ပြင်ဆင်ထားတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးယန္တရားရဲ့ အစီအမံ အသစ်တွေထဲမှာ အနီးကပ် ထိတွေ့သူတွေနဲ့ ပြည်တွင်းခရီးသွားတွေအတွက် ကိုဗစ်-၁၉ ကန့်သတ်ကာလကို ဖြတ်တောက် လျှော့ချတာတွေ ပါပါတယ်။
ရောဂါခြေချုပ်နဲ့ သီးခြားခွဲထားတဲ့ ကွာရန်တင်း လုပ်ဆောင်ချက်ကို အရင် ခုနစ်ရက်ကြာထားရာကနေ အခု ငါးရက်၊ အိမ်မှာ သုံးရက်ကြာ သီးသန့်ခွဲထားခြင်းကနေ သုံးရက်ကြာ ကျန်းမာရေး စောင့်ကြည့်တာ အထိ ဖြတ်တောက် လျှော့ချမှာဖြစ်ပါတယ်။
အိုမီခရွန် အမျိုးအနွယ်ခွဲ BA.5၊ BA.5.2 နဲ့ BA.2.76 တို့ဟာ တရုတ်နိုင်ငံတွင်း အကူးများတဲ့ ကိုဗစ် -၁၉ ရောဂါ ဗီဇမျိုးကွဲတွေ ဖြစ်ပါတယ်။