close

အစ္စရေးရဲတပ်ဖွဲ့

close

April 6, 2023

ဂျေရုဆလင်မြို့ ဗလီတွင် ဝတ်ပြုနေသူများအား အစ္စရေးရဲတပ်ဖွဲ့ တိုက်ခိုက်

အစ္စရေးရဲတပ်ဖွဲ့ဟာ ဂျေရုဆလင်မြို့ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း ဧပြီ ၅ ရက် မနက်အရုဏ်မတက်မီ ဝတ်ပြုသူ ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ကတော့ ရုန်းရင်းဆန်ခတ်မှုအပေါ် တုံ့ပြန်တာလို့ ပြန်ပြောပါတယ်။ ဒဏ်ရာရသူရှိတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က သတင်းပို့ခဲ့ပေမဲ့ လူဘယ်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာ အသေးစိတ် မဖော်ပြထားပါဘူး။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဗလီဝတ်ကျောင်းတော်ဆီ ဆရာဝန်တွေမရောက်အောင် တားဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ကျမ ကိုရမ်ကျမ်းရွတ်ရင်း ထိုင်ခုံမှာထိုင်ပြီး ဝတ်ပြုနေတုန်း ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့လို့ တခုက ကျမရင်ဘတ်ကို ထိမှန်ခဲ့တယ်” လို့ ဗလီအပြင်မှာထိုင်ရင်း အသက်ရှူဖို့ ကြိုးစားနေတဲ့ သက်ကြီး အမျိုးသမီးတယောက်က ပြောပါတယ်။

မီးရှူးမီးပန်းတွေ၊ တုတ်တွေ၊ ကျောက်တုံးတွေ ကိုင်ဆောင်ရင်း မျက်နှာဖုံးစွပ် လှုံ့ဆော်သူတွေက သူတို့ကိုယ်သူတို့ ဗလီအတွင်း သော့ခတ်ပြီးတဲ့နောက် ဗလီဝင်းထဲဝင်ဖို့ အင်အားသုံးခဲ့ရကြောင်း၊ ရဲအရာရှိတဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင်တို့မှာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပြီး မွတ်စလင်တို့ရဲ့ ရမ်ဇာန်လမြတ်ကလည်း ဂျူးဘာသာဝင်တွေရဲ့ ပသခါပွဲ၊ ခရစ်ယာန် အီစတာတို့နဲ့ပါ တိုက်ဆိုင်နေတာပါ။ ဒါကြောင့် အခုလထဲမှာ တင်းမာမှုတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။

Temple Mount လို့ ဂျူးတွေသိကြတဲ့ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း ပွတ်တိုက်မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း အကြမ်းဖက်မှုတွေ အစပျိုးလာခဲ့ပါတယ်။

ပါလက်စတိုင်းအုပ်စုတွေကလည်း ဝတ်ပြုကိုးကွယ်သူတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရာဇဝတ်မှုတခုအဖြစ် ရှုတ်ချခဲ့ပါတယ်။

56 seconds Ago

January 18, 2020

ဆန္ဒပြ ပါလက်စတိုင်းများကို အစ္စရေးရဲတပ်ဖွဲ့ လုစုခွဲ၊ ၅ ဦး ဒဏ်ရာရ

ဂျေရုဆလင်မြို့ အယ်အောက်ဆာဗလီမှာ ဇန်နဝါရီလ ၁၇ ရက်က  အစ္စရေးရဲတပ်ဖွဲ့ဝင်တွေက ရာနဲ့ချီတဲ့ ဆန္ဒပြ ပါလက်စတိုင်းတွေကို လူစုခွဲခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အရုဏ်တက် ဝတ်ပြုသူတွေက Old City အထွတ်အမြတ်နေရာမှာ ဝတ်ပြုပွဲကို အဆုံးသတ်ပြီးနောက် ဆန္ဒပြပွဲ စတင်ခဲ့ပါတယ်။ အဲဒီနေရာကို မွတ်စလင်တွေက မြင့်မြတ်တဲ့နေရာအဖြစ် အလေးနက်ထားသလို ဂျူးဘာသာဝင်တွေကလည်း Temple Mount အဖြစ် အထွတ်အမြတ် ထားပါတယ်။  နောက်ပြီး အဲဒီနေရာက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ထိရှအလွယ်ဆုံး နေရာတွေထဲက တခု ဖြစ်ပါတယ်။ အဓိရုဏ်းနှိမ်နင်းရေးဝတ်စုံဝတ် ရဲတပ်ဖွဲ့ဝင်တွေက ဝတ်ပြုသူတွေကို ဝင်းအတွင်း မဝင်ရောက်အောင် တားဆီးနေခဲ့ကြတာကြောင့် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးတွေဟာ နေ့စဉ်ဆိုသလို ဘာသာရေး အထွတ်အမြတ်နေရာတွေကို ကျူးကျော်ဝင်ရောက်တာ၊ မလေးမစား လုပ်တာနဲ့ စည်းမျဉ်းချိုးဖောက်တာတွေ လုပ်တယ်လို့ အစ္စလာမ္မစ်ဟားမက်စ်အဖွဲ့က  စွပ်စွဲပါတယ်။ အစ္စရေးရဲတပ်ဖွဲ့ကတော့ မနက်ပိုင်း ဝတ်ပြုသူတွေဟာ ဝတ်ပြုပြီးနောက် အမျိုးသားရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး တည်ငြိမ်မှုကို နှောင့်ယှက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
3 years Ago
Up