close

အစ္စရေးလွှတ်တော်

close

March 21, 2022

ယူကရိန်းဘက်မှ ပြတ်ပြတ်သားသားရပ်ပေးရန် အစ္စရေးလွှတ်တော်ကို ဇလန်းစကီး တိုက်တွန်း

အစ္စရေးနိုင်ငံအနေနဲ့ ယူကရိန်းကိုထောက်ခံမလား၊ ရုရှား ကျူးကျော်စစ်ကို ထောက်ခံမလား ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့ အစ္စရေး ပါလီမန်ကို ယူကရိန်းသမ္မတဇလန်းစကီးက ဗွီဒီယိုကတဆင့် ပြောလိုက်ပါတယ်။ 

မတ် ၂၀ ရက်နေ့က ဇလန်းစကီးရဲ့ မိန့်ခွန်းကို အစ္စရေးပြည်သူအများအပြား စောင့်နားထောင်ခဲ့ကြတာပါ။

ဇလန်းစကီးက ဂျုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ နာဇီဂျာမဏီနဲ့ ရုရှားစစ်တပ်ကို နှိုင်းယှဉ်ပြောခဲ့ပြီး အစ္စရေးရဲ့ အဆင့်မြင့် ဒရုန်းကာကွယ်ရေးစနစ် ယူကရိန်းကို အမြန် ရောင်းချပေးဖို့ ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ တဲလ်အဲလ်ဗစ်မြို့လယ်မှာ ယူကရိန်းတွေနဲ့ အစ္စရေးတွေ စုဝေးပြီး အစ္စရေး အစိုးရအနေနဲ့ ယူကရိန်းကို ပြတ်သားစွာ ထောက်ခံဖို့ တောင်းဆိုကြပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နဖ်တလီ ဘန်နတ်က ရုရှားသမ္မပူတင်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေပြီး နှစ်ဖက်ကြား ဖျန်ဖြေမှုလုပ်နေတာကို အားမရဘဲ ယူကရိန်းကို ကူညီပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ 

13 mins Ago

June 4, 2020

အမတ်တဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် အစ္စရေးလွှတ်တော် ရပ်ဆိုင်း

အစ္စရေးလွှတ်တော်မှာ အမတ်တယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ ဇွန်လ ၄ ရက် လွှတ်တော်အစည်းအဝေးကို ရပ်ဆိုင်းထားလိုက်ရပါတယ်။  အစ္စရေးမှာ မတ်လကထဲကစလို့  ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့လုပ်ခဲ့ပြီး လွန်ခဲ့ တဲ့ ရက်သတ္တပတ်တွေအတွင်းမှ တားဆီးပိတ်ပင်မှုတွေကို လျှော့ချပေးခဲ့တာပါ။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ နောက်တကြိမ် ဗိုင်းရပ်စ်ပြန့်ပွားမှု မြင့်တက်လာနိုင်တာကို  သတိပေးထားပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံရသူ လွှတ်တော်အမတ် အဘိုရှာဟာဒတ်ကတော့ သူနဲ့ ထိတွေ့ထားတဲ့ အနီးဝန်းကျင်က သူတွေအားလုံးကို တောင်းပန်ကြောင်း တွစ်တာမှာ ပြောထားပါတယ်။  အစ္စရေးမှာ မေလကတည်းက  ကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမဲ့ ဒီနေ့အထိ ကျောင်းပေါင်း ၄၂ ကျောင်းကတော့ ဗိုင်းရပ်စ်ပြန့်ပွားမှု အသစ်ဖြစ်လာတာကြောင့် ပြန်ပိတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up