ယူကရိန်းဘက်မှ ပြတ်ပြတ်သားသားရပ်ပေးရန် အစ္စရေးလွှတ်တော်ကို ဇလန်းစကီး တိုက်တွန်း

အစ္စရေးနိုင်ငံအနေနဲ့ ယူကရိန်းကိုထောက်ခံမလား၊ ရုရှား ကျူးကျော်စစ်ကို ထောက်ခံမလား ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့ အစ္စရေး ပါလီမန်ကို ယူကရိန်းသမ္မတဇလန်းစကီးက ဗွီဒီယိုကတဆင့် ပြောလိုက်ပါတယ်။
မတ် ၂၀ ရက်နေ့က ဇလန်းစကီးရဲ့ မိန့်ခွန်းကို အစ္စရေးပြည်သူအများအပြား စောင့်နားထောင်ခဲ့ကြတာပါ။
ဇလန်းစကီးက ဂျုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ နာဇီဂျာမဏီနဲ့ ရုရှားစစ်တပ်ကို နှိုင်းယှဉ်ပြောခဲ့ပြီး အစ္စရေးရဲ့ အဆင့်မြင့် ဒရုန်းကာကွယ်ရေးစနစ် ယူကရိန်းကို အမြန် ရောင်းချပေးဖို့ ပြောပါတယ်။
တနင်္ဂနွေနေ့မှာပဲ တဲလ်အဲလ်ဗစ်မြို့လယ်မှာ ယူကရိန်းတွေနဲ့ အစ္စရေးတွေ စုဝေးပြီး အစ္စရေး အစိုးရအနေနဲ့ ယူကရိန်းကို ပြတ်သားစွာ ထောက်ခံဖို့ တောင်းဆိုကြပါတယ်။
အစ္စရေးဝန်ကြီးချုပ် နဖ်တလီ ဘန်နတ်က ရုရှားသမ္မပူတင်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေပြီး နှစ်ဖက်ကြား ဖျန်ဖြေမှုလုပ်နေတာကို အားမရဘဲ ယူကရိန်းကို ကူညီပေးဖို့ တောင်းဆိုခဲ့ကြတာပါ။